အမေရိကန်သေနတ်သမား အခန်းကိုရှင်းလင်းနိုင်

police_aurora ဓာတ်ပုံ မူပိုင် Getty
Image caption သေနတ်သမားရဲ့ အိမ်ခန်းကို ရဲတပ်ဖွဲ့က ဝင်ဖို့ ကြိုးပမ်းစဉ်

အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က အော်ရိုရာမြို့ ရှိ ရုပ်ရှင်ရုံမှာ လူ ၁၂ ဉီးကို ပစ်သတ်ခဲ့တယ်လို့ ထင်ရတဲ့ လူရဲ့ အိမ်ခန်းက ထောင်ချောက်တွေကို ရှင်လင်း နိုင်ခဲ့ ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အိမ်ခန်းမှာ ဝိုင်ယာကြိုးတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ထောင်ချောက်တွေ ဆင်ထား ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခန်းထဲကို စက်ရုပ်ကို စေလွှတ်လို့ ဖောက်ခွဲရေး ပစ္စည်းတွေကို မပေါက်ကွဲစေအောင် လုပ်နိုင်ခဲ့သလို ထိန်းချုပ်ပြီး ဖောက်ခွဲပစ်တာ ကိုလည်း လုပ်ခဲ့ကြပါတယ်။

အဲဒီ အိမ်ခန်းနဲ့ ပတ်သက်လို့ ဒေသရဲတပ်ဖွဲ့ အကြီးအကဲ ဒဲန်အုတ်စ်က ပြောကြား ခဲ့ရာမှာတော့ အဲဒီ အခန်းထဲကို ဘေးကင်းစွာ ဝင်နိုင်ဖို့ အတွက် တော်တော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်းနဲ့ အခန်းထဲမှာ ဝိုင်ယာကြိုးတွေ၊ ထောင်ချောက် ဆင်ထားတဲ့ ဝိုင်ယာတွေ၊ ခဲယမ်းမီးကျောက်တွေ ၊အရည်တွေ အပြည့်ထည့်ထားတဲ့ ဖန်ကရားတွေနဲ့ မော်တာကျည်ဆန် တွေလို့ ထင်ရတဲ့ အရာတွေ အများကြီးကို တွေ့ရတဲ့ အကြောင်း တွေကို ပြောကြားသွား ခဲ့ပါတယ်။

အဲဒီ အိမ်ခန်း ရဲ့ အနီး အနားက အိမ်နီးချင်းတွေကိုတော့ သူတို့ နေထိုင်ရာ အိမ်ခန်း တွေဆီကို တနင်္ဂနွေ နေ့မှာ ပြန်နိုင်ကြပြီ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ပစ်ခတ် သတ်ဖြတ်မှု တွေကို ကျူးလွန်ခဲ့တယ်လို့ သံသယ ရှိတဲ့ ဂျွန် ဟုမ်းစ်ကိုတော့ တနင်္လာနေ့မှာ ရုံးတင် စစ်ဆေး သွားမယ်လို့ မျှော်လင့် ရပါတယ်။ အဲဒီ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသူတွေကိုလည်း ဘယ်သူ ဘယ်ဝါဆိုတာကို အသိအမှတ် ပြုပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ