ရုပ်ရှင်ရုံမှာသေနတ်ပစ် ခံရသူတွေဆီ သမ္မတအိုဘားမားသွား

batman ဓာတ်ပုံ မူပိုင် BBC World Service
Image caption အော်ရိုရာကို ရောက်လာတဲ့ သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားဟာ ကော်လိုရာဒို ပြည်နယ် အော်ရိုရာ မြို့က ရုပ်ရှင်ရုံ မှာ သောကြာနေ့က ဖြစ်ခဲ့တဲ့ လူအများအပြား သေဆုံးခဲ့ရတဲ့ ပစ်ခတ် တိုက်ခိုက်မှုမှာ တွေ့ကြုံ ခံစား ခဲ့ရတဲ့ သူတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားဟာ မသေဘဲ ဒဏ်ရာရခဲ့ သူတွေနဲ့တွေ့ဆုံ သွားမှာ ဖြစ်သလို သေဆုံးခဲ့ရသူ တွေရဲ့ ကျန်ရစ်တဲ့ မိသားစု တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

အဲဒီမှာ သေနတ်သမား တဉီးရဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၁၂ ဉီး သေဆုံးခဲ့ရပြီး ကျန်ဒဏ်ရာရသူ ၉ ဉီး ကိုတော့ ဆေးရုံတင်ထား ရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

နယူးယော့ခ် မြို့တော်ဝန် ဖြစ်တဲ့ မိုက်ကယ်လ် ဘလူမ်းဘတ်ဂ် ကတော့ သမ္မတ အိုဘားမားကိုရော သူနဲ့ အပြိုင် သမ္မတ အရွေးခံတော့မယ့် မစ်ရွန်မနီကိုရော သေနတ်လက်နက် တွေနဲ့ ပတ်သက်လို့ ထိန်းချုပ်နိုင်ဖို့ အတွက် လုပ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ