ဓာတုလက်နက် သုံးမှာ မဟုတ်ကြောင်း ဆီးရီးယားပြော

Image caption တိုင်းတပါးက လာရောက် တိုက်ခိုက်မှသာ ဓာတု လက်နက် ထုတ်သုံးနိုင်မှာ ဖြစ်တယ်လို့ ဆီးရီးယားပြော

ဆီးရီးယားအစိုးရအနေနဲ့ ဘယ်လို အခြေအနေ မျိုးမှာပဲ ဖြစ်ဖြစ် သူ့ ပြည်သူတွေအ ပေါ် ဓာတု လက်နက်တွေသုံးပြီး တိုက်ခိုက်မှာ မဟုတ်ဘူး လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဂျီဟတ် မက်ဒစ်ဆီက ပြေကြားလိုက်ပါတယ်။

ဒမားစကပ်စ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ဒစ်ဆီက ဆီးရီးယားရဲ့ ဓာတုလက်နက် အများအပြားကို လုံခြုံ စိတ်ချရတဲ့ နေရာမှာ သိမ်းဆည်း ထားတာ ဖြစ်ပြီး တိုင်းတပါး ကနေ လာရောက် တိုက်ခိုက်မှသာ ဒီလက်နက်တွေကို ထုတ်သုံးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

တိုက်ခိုက်မှု တွေမှာ သူပုန်တွေ ဘက်က အနိုင်ရပြီး၊ အရှိန်ရ လာတဲ့ အချိန်မှာ အစိုးရ အနေနဲ့ ဒီဓာတု လက်နက်တွေကို ထုတ်သုံးနိုင်တယ် ဆိုပြီး နိုင်ငံတကာ ကနေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မစ္စတာ အာဆတ်ကတော့ ဒမားစကပ်စ်နဲ့ အလက်ပိုမြို့တွေမှာ ရှိတဲ့ သူပုန်တွေကို အစွမ်းကုန် ကြိုးစား တိုက်ထုတ်ဖို့ သူ့တပ်ဖွဲ့တွေကို အမိန့်ပေး လိုက်တဲ့ အတွက် တိုက်ခိုက်မှုတွေဟာ ပြင်းထန် လာနေပါတယ်။

အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ ဆီးရီးယား သမ္မတ အာဆတ်အနေနဲ့ အလျင်အမြန် ရာထူးက ဆင်းပေးဖို့ တောင်းဆိုလိုက်ပြီး၊ မစ္စတာ အာဆတ်နဲ့ မိသားစု တို့ အန္တရာယ်ကင်းစွာ တိုင်းပြည် ကနေ ထွက်ခွာလို့ ရအောင် လုပ်ဆောင်ပေးမယ် လို့လည်း နိုင်ငံခြားရေး ဝန်ကြီးတွေက ကမ်းလှမ်း လိုက်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ