အီဂျစ်သမ္မတ ဝန်ကြီးချုပ်သစ်ခန့်

qandil ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတနဲ့ တွေ့ရတဲ့ မစ္စတာ ကန်ဒီးလ်

အီဂျစ် သမ္မသစ် မိုဟာမက် မော်ဆီက အရင် ရေအရင်း အမြစ် ဝန်ကြီး ဟီရှမ် ကန်ဒီးလ်ကို အစိုးရသစ် ဖွဲ့စည်း နိုင်ဖို့အတွက် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်လိုက်ပါတယ်။

မစ္စတာ ကန်ဒီးလ်ဟာ မကြာခင်က အထိ သိပ် မထင်မရှား ရှိနေခဲ့တာ ဖြစ်ပြီး သမ္မတ မော်ဆီ ရဲ့ မွတ်စလင် ညီအစ်ကိုများ အဖွဲ့ကလည်း မဟုတ်ပါဘူး။

မစ္စတာ မော်ဆီကတော့ အခု ဖွဲ့စည်းမယ့် အစိုးရသစ်ဟာ အီဂျစ် ပြည်သူ အားလုံးကို ကိုယ်စားပြုတဲ့ အစိုးရ ဖြစ်စေရမယ်လို့ ကတိပြုထားပါတယ်။

ကိုင်ရို မြို့က ဘီဘီစီ သတင်းထောက်ကတော့ အခုလို နောက်က သြဇာ လွှမ်းမိုးမှု ရှိတဲ့ အဖွဲ့ အစည်း ကြီးကြီးမားမား မရှိတဲ့ လူကို ခန့်အပ်တာကို ကြည့်ရင် မစ္စတာ မော်ဆီဟာ အားနည်းတဲ့ ဝန်ကြီးချုပ်နဲ့ အားကောင်းတဲ့ သမ္မတ ဖြစ်ချင် တာကို ပြနေတာလို့ ဆိုပါတယ်။