အလက်ပိုကို အစိုးရ တပ် အလုံးအရင်းနဲ့ချီ

ria ဓာတ်ပုံ မူပိုင် AP
Image caption အလက်ပို ကို ပြန်ထိန်းချုပ်ဖို့ အစိုးရ လက်နက်ကြီး သုံး

သူပုန် တပ်စွဲ ထားတဲ့ နေရာတွေ ပြန်သိမ်းဖို့ ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံး အလက်ပို မြို့ ဘက်ကို အစိုးရ တပ် အမြောက်အမြား ချီတက် နေတယ်လို့ သတင်းရ ရှိ ပါတယ်။

အလက်ပိုမှာ ပြန်တပ်စွဲဖို့ ထောင်နဲ့ ချီတဲ့ စစ်သားတွေ တင့်ကား သံချပ်ကာ ကားတွေနဲ့ တူရကီ နယ်စပ် အစ်ဒလစ်ဘ် ခရိုင်ကနေ ဆုတ်ခွာ လာတယ်လို့ အတိုက်အခံ ဆီးရီးယား လွတ်မြောက်ရေး တပ်က ဆိုပါတယ်။

အလက်ပို ဆင်ခြေဖုံး ဒေသတွေနဲ့ ဒမတ်စကပ် မြို့တော်ကို ပြန်ထိန်းချုပ်ဖို့ အစိုးရ တပ်က လက်နက်ကြီး တွေနဲ့ တိုက်ခိုက် တယ်လို့ အတိုက်အခံ ဘက်က ဆိုပါတယ်။

အစိုးရ ခြေလျင် တပ်သားတွေ သတ်ဖြတ်မှာကို ကြောက်ရွံ့လို့ သေဆုံး သွားတဲ့ မိသားစု ဝင်တွေ ကို မသင်္ဂြိုဟ် နိုင်ဘဲ ဆီးရီးယား တွေ ထွက်ပြေး လာကြတာ တွေ့ရတယ်လို့ တူရကီ နယ်စပ်က ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ကုလ သမဂ္ဂ စောင့်ကြည့်ရေး တပ်က တပ်မှူးသစ် ဘာဘာကာ ဂေးလဲ ဒမတ်စကပ်ကို ရောက်လာပြီး လူထု ခံစားနေ ရတဲ့ ဒုက္ခ တွေ လျော့ပါး သွားအောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

ဆီးရီးယား နယ်စပ် အဝင်အထွက် တွေ ကန့်သတ်လိုက်ပြီလို့ တူရကီက ကြေညာ ခဲ့ပါတယ်။

ဆီးရီးယား ဒုက္ခသည် တွေကို တူရကီ ထဲ အဝင်ခံ မှာ ဖြစ်ပေမယ့် တူရကီ နိုင်ငံသားတွေ ကိုတော့ ဆီးရီးယား ဘက် သွားခွင့် မပေးဘူးလို့ ဆိုပါတယ်။

ကုန်တင် ကားတွေကိုလဲ သွားခွင့် မပြုတော့ တဲ့အတွက် ဒါဟာ ဆီးရီးယားကို စီးပွားရေး ပိတ်ဆို့တာနဲ့ ညီမျှတယ်လို့ သတင်းထောက် တွေက ဆိုပါတယ်။

ဆီးရီးယား ဘက်မှာ ဗုံးကြဲ ခဲ့ပြီးနောက် အနည်းဆုံး ဆီးရီးယား လူမျိုး ခြောက်ရာနဲ့ အီရတ် သုံးရာလောက် အီရတ် နယ်မြေထဲ ဝင်လာကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ