ခြိုးခြံရေး ဂရိကို အီးယူ ဖိအားပေး

eu ဓာတ်ပုံ မူပိုင် AFP
Image caption အလုပ်နဲ့ သက်သေထူ ဖို့ ဂရိကို တောင်းဆို

ဥရောပ သမဂ္ဂ ဆီက ဘဏ္ဍာရေး ကူငွေ ထပ်လို ချင်ရင် ဂရိ အစိုးရ ကတိပေး ထားတဲ့ အတိုင်း အကူအညီတွေ ဖြတ်တောက် ရလိမ့်မယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မင်ညူရယ် ဘာရက်ဆိုက ဂရိ ဝန်ကြီးချုပ် အန်တိုနစ် ဆမားရပ်စ်ကို ပြောကြား လိုက်ပါတယ်။

အလုပ်နဲ့ သက်သေထူ ဖို့ မစ္စတာ ဘာရက်ဆိုက တောင်းဆို လိုက်ပါတယ်။

ယူရို ငွေကို ရတဲ့နည်းနဲ့ ထိန်းဖို့ ကြိုးစားမယ်လို့ ဥရောပ ဗဟိုဘဏ် အကြီးအကဲ မာရီယို ဒရာဂီ က ပြောကြား လိုက်ပြီးနောက် မနေ့က ဥရောပနဲ့ အမေရိကက စတော့ စျေးတွေ ထိုးတက် သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ