အိန္ဒိယ ဝန်ကြီးချုပ် အာသံပြည်နယ်သွား

_manmohan ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်း

အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန် ဆင်းဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်ကို ရောက်ရှိနေပါတယ်။

အဲဒီ ပြည်နယ် အတွင်းမှာ မကြာသေးခင်က လူမျိုးစု အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ လူပေါင်း ၅၀ ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

ဝန်ကြီးချုပ်က ဒီဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး မှုတွေ လုပ်သွားပြီး ဆုံးရှုံး နစ်နာ ခဲ့ရသူ တွေကိုလည်း အကူအညီတွေ ပေးသွားမယ် လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် သောကြာနေ့က စပြီး ဒေသခံ ဘိုဒိုတိုင်းရင်းသား တွေနဲ့ မွတ်စလင် အခြေစိုက် နေထိုင်သူ တွေအကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေ မီးလောင်ပျက်ဆီး ခဲ့ရသလို လူပေါင်း ၄ သိန်းလောက်လည်း အိုးအိမ်တွေကနေ စွန့်ခွာ ပြေးခဲ့ရပါတယ်။

မြေနဲ့ သဘာဝ အရင်းအမြစ် သုံးစွဲရေးတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်အကြားမှာ တင်းမာ မှုတွေ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ