အလက်ပိုမြို့ကို ဆီးရီးယားအစိုးရ ထိုးစစ်ဆင်

ဓာတ်ပုံ မူပိုင် a
Image caption အရပ်သားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး နေကြ ပြီ ဖြစ်ပါတယ်

ဆီးရီးယား အစိုးရကနေ စတင် စစ်ဆင် နေပြီဖြစ်တဲ့ နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ အလက်ပိုမှာ ပြင်းထန်တဲ့ သေနတ်ပစ်သံတွေကို ကြားနေပါတယ်။

အက်လက်ပိုမြို့ရဲ့ ဆာလာ ဟက်ဒင်း ရပ်ကွက်နဲ့ ဆက်ခဝါ ရပ်ကွက်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွား နေကြတာ ဖြစ်ပါတယ်။

မြို့တွင်းမှာ ရှိတဲ့ သူပုန်တွေ ပြောတာကတော့ သူတို့ဟာ ရဟတ်ယာဉ်ပေါ်ကနေ စစ်သေနတ်တွေနဲ့ ပစ်တာကိုရော၊ လက်နက်ကြီးတွေနဲ့ ပစ်တာကိုပါ ခံနေရတယ်လို့ ဆိုပါတယ်။

အရပ်သားသားတွေဟာ ထရပ်ကားတွေ ပေါ် ပစ္စည်းတွေ ထုတ်ပိုးတင်ဆောင်ပြီး မြို့ကနေ ဘေးလွတ်ရာကို ထွက်ပြေး နေကြတာကို တွေ့နေရတယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လာရို့ဗ်က အလက်ပိုမြို့မှ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးတွေကတော့ စတင် နေပြီဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ်လို့ လက်နက်ကိုင် အတိုက်အခံတွေ တည်ရှိနေတာကို ဆီးရီးယားအစိုးရက လက်ခံဖို့ဆိုတာ ယုတ္တိ မရှိလှဘူးလို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ