Standard Chartered ဘဏ် ရှယ်ယာ ဈေးကျ

_standard_chartered ဓာတ်ပုံ မူပိုင် PA
Image caption စွပ်စွဲခံ နေရတဲ့ Standard Chartered ဘဏ်

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့က ဘဏ္ဍာရေး ဆိုင်ရာ စောင့်ကြည့် လေ့လာ တဲ့ အဖွဲ့အစည်းက ဗြိတိသျှ ဘဏ် တခုဖြစ်တဲ့ Standard Chartered ဘဏ်ဟာ အီရန် နိုင်ငံနဲ့ တရားမဝင်တဲ့ အရောင်းအဝယ် တွေကနေ ဒေါ်လာ ဘီလီယံ ၂၅၀ လောက်ကို ဖုံးကွယ် ထားတယ်လို့ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ပြောလိုက်တဲ့ အတွက် လန်ဒန်နဲ့ ဟောင်ကောင် တို့မှာ ဒီနေ့ မနက် အစောပိုင်းမှာ အဲဒီ ဘဏ်ရဲ့ အစုရှယ်ယာ ဈေးနှုန်း တွေလည်း ၅၀ ရာခိုင်နှုန်းထက် မက ကျဆင်း သွားခဲ့ ရပါတယ်။

ဒီ ဘဏ္ဍာရေး ဆိုင်ရာ စောင့်ကြည့် သူတွေက အမေရိကန်ရဲ့ ငွေခဝါချမှု တွေနဲ့ ပတ်သက်တဲ့ ဥပဒေ တွေကို ရှောင်ရှား နိုင်ဖို့ အတွက် Standard Chartered ဘဏ်ဟာ စာရင်းအင်း မှတ်တမ်း တွေကို လိမ်လည် ပြသခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြုအမူ တွေကြောင့် ဥပဒေ စိုးမိုးရေး အဖွဲ့တွေ အနေနဲ့ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ မရခဲ့တဲ့ အကြောင်းနဲ့ အမေရိကန် ဘဏ္ဍာရေး စနစ်ကြီး တခုလုံး ကိုလည်း အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေ လုပ်ဖို့ အတွက် အားနည်း သွားစေခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ