စစ်ကြောင့် သေဆုံးမှုရာနှုန်း အာဖဂ္ဂန်မှာ ကျဆင်း

ဓာတ်ပုံ မူပိုင် BBC World Service
Image caption လမ်းဘေးထောင်ဗုံးတွေကြောင့် ပြည်သူအများအပြားသေဆုံးရပါတယ်

အာဖဂ္ဂနစ္စတန်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အသက်ဆုံးရှုံးမှုနဲ့ ဒဏ်ရာရတဲ့ အရပ်သားပြည်သူ အရေအတွက်ဟာ ငါးနှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံး ဖော်ပြချက်မှာ ပါရှိပါတယ်။

၂၀၁၂ ရဲ့ ပထမ ၆လပတ် မှာ သေဆုံးသူ စုစုပေါင်း ၁၁၄၅ ဦးရှိသွားပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ၁၅% ကျဆင်းသွားတာ ဖြစ်ပါတယ်။

သေဆုံးမှုအများအပြားရဲ့ အဓိက အကြောင်းရင်းကတော့ စစ်သွေးကြွတွေရဲ့ လမ်းဘေးထောင်ဗုံးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် နေတိုးဦးဆောင်တဲ့ စစ်ဆင်ရေးတွေကြောင့် ၁၀% နီးပါး သေဆုံးရပါတယ်။