ပြန်ပေးဆွဲခံရသူတချို့ IRG အဖွဲ့ဝင်ဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယားသူပုန်တွေ ဖမ်းထားတဲ့ အီရန်နိုင်ငံသားများ

ဆီးရီးယားမှာ ပြန်ပေးဆွဲ ခံထားရတဲ့ အီရန်နိုင်ငံသား ၄၈ဦး ပါအဖွဲ့ထဲမှာ IRG (Iran's Revolutionary Guards) အီရန်တော်လှန်ရေး တပ်ဦးက အဖွဲ့ဝင်တချို့ပါဝင်တယ်လို့ အီရန်ဖက်က ပထဦးဆုံးအကြိမ်အဖြစ် အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အချိန်တွေတုန်းကတော့ ဒီအဖွဲ့ဟာ ဆီးရီးယားကို ဘုရားဖူးသွားတဲ့ အဖွဲ့လို့ အီရန်ဘက် က ပြောခဲ့တာပါ။

ဒီအဖွဲ့ဟာ ဆီးရီးယား စစ်တပ်အတွက် ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတာလို့ ဒီအဖွဲ့ကို ဖမ်းထားတဲ့ ဆီးရီးယား သူပုန်တွေက စွပ်စွဲပြောကြားခဲ့ပါတယ်။

ဒီအဖွဲ့ ပြန်လည် လွတ်မြောက်လာဖို့အတွက် ကုလသမ္မဂ ကကူညီဖို့ အီရန်က တောင်းဆိုခဲ့ပါတယ်။