အီဂျစ် ကာကွယ်ရေး ဝန်ကြီး ဖယ်ရှားခံရ

egypt_marshall_ ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ် သမ္မတနဲ့ ကာကွယ်ရေး ဝန်ကြီး တန်တာဝီ

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီက အရှိန်အဝါကြီးမားတဲ့ ကာကွယ်ရေး ဝန်ကြီး ဖီးလ်ဒ်မာရှယ်လ် ဟူစိန် တန်တာဝီနဲ့ သူ့ရဲ့ လက်ထောက်တို့ကို တာဝန်ကနေ ဖယ်ရှား လိုက်ပါတယ်။

ဖီးလ်ဒ်မာရှယ်လ် တန်တာဝီ ဟာ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက် ပြုတ်ကျခဲ့ အပြီးမှာ အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အရင်အစိုးရ လက်ထက်မှာ ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။

မစ္စတာ မော်ဆီက အရင် စစ်တပ်အစိုးရ လက်ထက်မှာ လုပ်ထားခဲ့တဲ့ သမ္မတရဲ့ အာဏာကို ကန့်သတ်ထားတဲ့ အခြေခံ ဥပဒေ ဆိုင်ရာ ပြုပြင် ထားချက်တွေကိုလည်း ပယ်ဖျက်ပစ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ် တွေကို အီဂျစ် ပြည်သူတွေက အာဏာကို အပြည့်အဝ အသုံးချနိုင်ရေး အတွက် ကြိုးစား ကြရာမှာ အရေးပါတဲ့ ခြေလှမ်း တခုအဖြစ် ရှုမြင်ကြလိမ့်မှာ ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ