BBC navigation

ဆီးရီးယားက ကုလရုံးအနီးမှာ ဗုံးကွဲ

နောက်ဆုံး ရေးသားချိန် 15 သြဂုတ်လ 2012 - 09:27 GMT
Syria

ဟိုတယ်တစ်ခုအနီးမှာ ဗုံးကွဲ

ဆီးရီးယား မြို့တော် ဒမတ်စကပ်စ်မှာ ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေ အသုံးပြုနေတဲ့ ဟိုတယ် တစ်ခုအနီးမှာ ဗုံးတလုံး ပေါက်ကွဲ ခဲ့ပါတယ်။

ရေနံတင်ကား တစ်စီးမှာ ဗုံးပေါက်ကွဲတာ ဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ ဝန်ထမ်းတွေ ကတော့ ထိခိုက် ဒဏ်ရာ ရတာ မရှိပါဘူး။

ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ဆီးရီးယား လွတ်လပ်ရေး တပ် ( Free Syrian Army ) ဘက်က ပြောတာ ကတော့ ဒီဗုံးခွဲ တိုက်ခိုက်မှုဟာ အစိုးရ စစ်တပ်တွင်း အစည်းအဝေး တစ်ခုကို ဦးတည် တိုက်ခိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒမတ်စကပ်စ် မြို့တော်တွင်းက တခြား နေရာတွေမှာလည်း ဗုံးကွဲ မှုတွေ ရှိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ် အကြီးအကဲ Valerie Amos လည်း ဆီးရီးယားကို ရောက်နေပြီး တိုက်ပွဲ တွေကြောင့် ဒုက္ခရောက်တဲ့ သူတွေကို အကူအညီ ပေးဖို့ ဆွေးနွေး နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။