BBC navigation

တောင်အာဖရိက မိုင်းလုပ်သား ၃၄ ဦး ရဲပစ်လို့ သေဆုံး

နောက်ဆုံး ရေးသားချိန် 17 သြဂုတ်လ 2012 - 16:20 GMT

ကိုယ့်ကိုယ်ကို ခုခံတဲ့ အနေနဲ့ ပစ်တာလို့ ရဲက ပြောပါတယ်

တောင်အာဖရိနိုင်ငံမှာ မနေ့က ဆန္ဒပြနေကြတဲ့ ထောင်နဲ့ ချီတဲ့ မိုင်းတွင်း အလုပ် သမား အုပ်စုကို ရဲ အရာရှိတွေက ပစ်ခတ်ခဲ့လို့ အလုပ်သမား ၃၄ ဦး သေဆုံးသွားတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့ကပြောပါတယ်။

တောင်အာဖရိကမှာ အသားအရောင် ခွဲခြားမှုတွေ အဆုံးသတ်ခဲ့ပြီး နောက်ပိုင်း အခုဖြစ်ရပ်ဟာ လူအများဆုံး သေဆုံးခဲ့တဲ့ အဆိုးဝါးဆုံး ဖြစ်ရပ်တခုဖြစ်ပါတယ်။

ရဲကတော့ ကိုယ့်ကိုကို ကာကွယ်တဲ့အနေနဲ့ အခုလို ပစ်ခတ်ခဲ့ ရတာဖြစ်တယ်လို့ ပြောပြီး လူပေါင်း ၂၅၀ ကိုလည်း ဖမ်းဆီးခဲ့ ပါတယ်။

အလုပ်သမား သမဂ္ဂတွေကတော့ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေအချာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

အခုလိုတောင်းဆိုမှု အပေါ် ဒေသခံ ရဲအရာရှိကလည်း စုံစမ်း စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး၊ ပူပေါင်းဆောင်ရွက်မှု အပြည့်အဝ ပေးမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

အခုလို သေဆုံးမှု များပြားလှတဲ့ အကြမ်းဖက်မှု ဖြစ်ရပ် အတွက် တောင်အာဖရိက နိုင်ငံတလွှား တုံ့ပြန် ပြောဆိုနေမှုတွေ ကတော့ ရှုပ်ထွေးနေကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။