BBC navigation

အိန္ဒိယ မြောက်ပိုင်းသားတွေ နေရပ်ပြန်နေဆဲ

နောက်ဆုံး ရေးသားချိန် 18 သြဂုတ်လ 2012 - 17:21 GMT

ခရီးသည် ရာနဲ့ချီ တင်ဆောင် ထားတဲ့ မီးရထား ၂ စီး တောင်ပိုင်း ဘန်ဂလော မြို့ကနေ အာသံကို ဆိုက်ရောက်

အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့ တွေမှာ သွားရောက် အလုပ် လုပ်နေကြ သူတွေနဲ့ ကျောင်းသူ ကျောင်းသား ထောင်ပေါင်း များစွားဟာ တာဝန်ရှိသူတွေက တည်တည် ငြိမ်ငြိမ် ရှိကြဖို့ ပန်ကြား ထားပေမယ့်လည်း သူတို့ရဲ့ နေရပ် ဖြစ်တဲ့ အရှေ့မြောက်ဘက်ပိုင်း ကို ပြန်လာ နေကြရာ အခုဆိုရင် ၄ ရက်မြောက် ရှိလာနေပြီ ဖြစ်ပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်း အာသံနဲ့ တခြား ဒေသ သားတွေ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာ နိုင်တယ်ဆိုတဲ့ ကောလဟာလတွေ လူမှု သတင်း မီဒီယာတွေမှာ ပျံ့နှံ့နေတာ ကြောင့် အဲဒီက မြို့ကြီးတွေ ကနေ လူတွေ ထွက်ပြေး လာနေကြတာ ဖြစ်ပါတယ်။

အကြောင်း ကတော့ အာသံ ပြည်နယ်ဘက်မှာ လူမျိုးစု အုပ်စုတွေ အကြား တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွား နေတာကြောင့် လက်တုံ့ ပြန်တဲ့ အနေနဲ့ မြောက်ပိုင်းသားတွေကို လာရောက် တိုက်ခိုက် နိုင်တယ် ဆိုပြီး ကောလဟာလတွေ ပျံ့နှံ့ နေတာ ဖြစ်ပါတယ်။

ခရီးသည်ပေါင်း ရာနဲ့ချီ တင်ဆောင် ထားတဲ့ မီးရထား ၂ စီး တောင်ပိုင်း ဘန်ဂလော မြို့ကနေ အာသံကို ဆိုက်ရောက် လာပြီ ဖြစ်ပါတယ်။

အစိုးရ ကတော့ ပြည်သူလူထု လုံခြုံ စိတ်ချရ ရေးအတွက် ဖြစ်နိုင်သမျှ အရာ အားလုံးကို လုပ်ဆောင်ပေးနေ တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။