BBC navigation

တောင်အာဖရိက သပိတ်မှောက်လုပ်သား အလုပ်ထုတ်မယ်လို့ သတိပေး

နောက်ဆုံး ရေးသားချိန် 20 သြဂုတ်လ 2012 - 17:26 GMT

တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း လုပ်သားတွေ

တောင်အာဖရိကနိုင်ငံမှာတော့ သပိတ်မှောက်နေကြတဲ့ ပလက်တီနမ် သတ္တုတွင်းလုပ်သားတွေကို ဒီကနေ့ ဆက်သပိတ်မှောက်ရင် အလုပ်က ထုတ်ပစ်မယ်လို့ စောစောပိုင်းက သတ္တုတွင်းကုမ္ပဏီ LonMin က သတိပေးခဲ့တာကို အခုနောက်ထပ်တရက် ထပ်တိုးပေးလိုက်ပါတယ်။

LonMin ကုမ္ပဏီက အလုပ်သမားသမဂ္ဂနဲ့ ဆွေးနွေးပြီးတဲ့နောက် အခုလို တရက်ထပ်တိုးလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့က မာရီကာနာ သတ္တုတွင်းအပြင်ဘက်မှာ လစာတိုးပေးဖို့ တောင်းဆို သပိတ်မှောက်နေတဲ့ လုပ်သားတွေကို ရဲတွေက ပစ်ခတ်ခဲ့ရာမှာ လုပ်သား ၃၄ ဦး သေဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အဆိုင်းမှာ သတ္တုတွင်းလုပ်သား သုံးပုံတပုံ လာအလုပ်လုပ်တယ်လို့ lonMin ကုမ္ပဏီက ပြောခဲ့ပါတယ်။

ဒါပေမယ့် တခြားသတ္တုတွင်းလုပ်သားအများအပြားကတော့ အလုပ်ပြန်ဆင်းရင် သေဆုံးသွားတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို စော်ကားသလို ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

သေဆုံးသူတွေအတွက် တနိုင်ငံလုံး ဝမ်းနည်းပူဆွေးတဲ့ ရက်သီပတ်အဖြစ် တောင်အာဖရိက သမ္မတ ဂျက်ကော့ ဇူးမားက ကြေညာခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။