BBC navigation

ဂရိ ငွေကြေး အထောက်အပံ့ရဖို့ စဆွေးနွေး

နောက်ဆုံး ရေးသားချိန် 22 သြဂုတ်လ 2012 - 16:57 GMT

ဂရိဝန်ကြီးချုပ်က စီးပွားရေး ပြန်နလံထူနိုင်အောင် အချိန်ပို ပေးဖို့ ပြော

ဂရိဝန်ကြီးချုပ် Antonis Samaras ဟာ ဂရိနိုင်ငံအတွက် အရစ်ကျ ထောက်ပံကူညီငွေ နောက်တရစ်ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သုံးရက်ကြာ ထိပ်သီးအဆင့် ပြောဆိုဆွေးနွေးမှုတွေကို စတင်နေပါတယ်။

ယူရိုဇုံဘဏ္ဍာရေးဝန်ကြီးများအဖွဲ့ရဲ့ အကြီးအကဲ Jean Claude Juncker နဲ့ တွေ့ဆုံရာမှာ ဂရိ စီးပွားရေးပြန်နလံထူဖို့အတွက် အချိန်ပိုပေးဖို့ ပြောမယ်လို့ မစ္စတာ ဆာမာရာစ်က ပြောပါတယ်။

ဒါအပြင် ဂရိအစိုးရအနေနဲ့ နောက်ထပ် ယူရို ၁၁ ဘီလီယျံကျော် ဘတ်ဂျကအသုံးစရိတ် ဖြတ်တောက်မယ်ဆို တာကိုလဲ အာမခံမယ်လို့ ပြောပါတယ်။

စောစောပိုင်းက ဂရိဝန်ကြီးချုပ် Antonis Samaras ဟာ ဂရိ စီးပွားရေးပြန်နလံထူဖို့အတွက် အချိန်လိုတယ်လို့လဲ ဂျာမန်သတင်းစာတစောင်ကို ပြောခဲ့ပါတယ်။

အခုသီတင်းပတ်ကုန်မှာ မစ္စတာ အန်တိုနီဟာ ပြင်သစ်နဲ့ ရျာမန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။