BBC navigation

နော်ဝေး လူသတ် သမားကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 15:37 GMT
Breivik

ဘရေးဗစ်ကို လူသတ်မှုနဲ့ ထောင်ဒဏ် ၂၁ နှစ် ချမှတ်

နော်ဝေးနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက လူပေါင်း ၇၇ ယောက်ကို သတ်ခဲ့တဲ့ အန်းဒါးစ် ဘယ်ရီးဂ် ဘရေဗစ်က် ဟာ မရူးသွပ် ကြောင်း တရားရုံးကတွေ့ရှိခဲ့လို့ သူ့ကို ထောင်ဒစ် ၂၁ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

သူ့ကို ထောင်ဒဏ် ၂၁ နှစ် ချမှတ်ဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြကြောင်း တရားသူကြီးက ကြေညာသွားခဲ့ ပါတယ်။

ဘရေဗစ်က် စိတ်မမှန်ကြောင်း ကြေညာဖို့ တရားလိုရှေ့နေတွေဘက်က ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ ကြေညာချက်ကို အတည်ပြုခဲ့ရင် သူ့ကို လုံခြုံရေး အထူး တင်းကြပ် ထားတဲ့ စိတ်ရောဂါကု အဆောင်မှာ ကာလ အကန့် အသတ်မဲ့ ထိန်းသိမ်း ထားမှာ ဖြစ်ပါတယ်။

ဘရေးဗစ်က် က ဗုံးဖောက်ခွဲမှု လုပ်ခဲ့ကြောင်း သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဝန်ခံပြီး အဲဒီလို လုပ်ခဲ့တဲ့ အတွက်လည်း နောင်တ စိုးစဉ်းမျှ မရဘူးလို့ ဆိုပါတယ်။ သူက သူမရူးသွပ်ကြောင်း တောက်လျှောက် ပြောခဲ့ပြီး သူ့လုပ်ရပ်ဟာ နိုင်ငံရေး ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။