BBC navigation

တူရကီနဲ့ ဆီးရီးယား ကြားခံဇုန်

နောက်ဆုံး ရေးသားချိန် 30 သြဂုတ်လ 2012 - 01:33 GMT
syria refugee

ဒုက္ခသည် အဆက်မပြတ် ဝင်နေဆဲ

ဆီးရီးယားမှာ ကြားခံဇုန် သတ်မှတ် ပေးဖို့ ကုလ သမဂ္ဂ ကို ဆက်လက် တိုက်တွန်းမယ်လို့ ဆီးရီးယား စစ်ပြေး သိန်းနဲ့ချီ လက်ခံ ထားရတဲ့ တူရကီ အစိုးရက ဆိုပါတယ်။

ဒိကိစ္စ လုံခြုံရေး ကောင်စီကို ကြာသပတေး နေ့မှာ တင်သွင်းမယ်လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဒီ အကြံကို လက်တွေ့ မကျ ဘူး ဆိုပြီး ဆီးရီးယား သမ္မတ ဘရှား အာဆတ်က ပယ်ချ ခဲ့ပါတယ်။

ဆီးရီးယားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြောက်ပိုင်း တာ့ဖ်တန်နက်ဇ် မြို့ လေတပ် စခန်းမှာ တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။