BBC navigation

မသန်စွမ်း ပြေးခုန်ပစ် ပြိုင်ပွဲ စတင်

နောက်ဆုံး ရေးသားချိန် 31 သြဂုတ်လ 2012 - 16:13 GMT
Sri Lankan Sitting Volleyball Players

သီရိ လင်္ကာက Sitting Volleyball ကစား သမားများ

မသန်စွမ်း ပြေးခုန်ပစ် ပြိုင်ပွဲ ပထမဆုံးနေ့မှာ ပါဝင် ယှဉ်ပြိုင်ကြတဲ့ မသန်စွမ်း အားကစား သမားတွေကို လန်ဒန် မြို့တော်က အိုလံပစ် အားကစား ရုံကြီးထဲမှာ လူတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး အားပေး နေကြပါတယ်။

အမျိုးသမီး ဘီးတပ် ကုလားထိုင် wheel chairs အပြေး ပြိုင်ပွဲ အတွက် ပြေးလမ်းကြောင်းကို ဝင်လာကြချိန်မှာ လူတွေက အော်ဟစ် အားပေး ခဲ့ကြပါတယ်။

ဆုတံဆိပ် အမျိုးမျိုး အတွက် အားကစား သမားတွေ ယှဉ်ပြိုင် နေကြတဲ့ သောကြာနေ့ ပွဲတွေ အတွက် အားကစားရုံ ဆန့်တဲ့ ထိုင်ခုံ ၈ သောင်း ပြည့်လု နီးပါး လာရောက် ခဲ့ကြပါတယ်။

တခြား နေရာတွေ မှာလည်း ရေကူး၊ စက်ဘီစီးနဲ့ သေနတ်ပစ် ပြိုင်ပွဲတွေ ကျင်းပနေပါတယ်။

ကြမ်းပြင်ပေါ် ထိုင်ပြီး ကစားတဲ့ sitting Volleyball ပွဲကို တရုတ်နဲ့ အမေရိကန် အသင်းတို့ ကစားမယ့် ပွဲက ပွဲကြီး ပွဲကောင်းလို့ ဆိုကြ ပါတယ်။

မျက်မမြင်နဲ့ အမြင် အာရုံ ချို့တဲ့ သူတွေရဲ့ တစ်သင်း ငါးယောက်ပါတဲ့ ဘောလုံးပွဲမှာ ဗြိတိန် အသင်းနဲ့ စပိန်တို့ ယှဉ်ပြိုင် ကစားကြ မှာပါ။ ဒီကစားနည်းမှာ ဘရာဇီး အသင်းက ရေပန်း အစားဆုံး ဖြစ်ပါတယ်။

တရုတ် နိုင်ငံကတော့ ရွှေ ၆ ခု၊ ငွေ ၇ ခု၊ ကြေး ၅ ခု စုစုပေါင်း ဆု ၁၈ ခုနဲ့ ဆု ရထားတာကြောင့် ဆုဇယား စာရင်းမှာ ထိပ်ဆုံးက ပြေးနေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။