BBC navigation

အာဖဂန်တိုက်ခိုက်မှု လူ အများအပြား သေဆုံး

နောက်ဆုံး ရေးသားချိန် 1 စက်တင်ဘာလ 2012 - 17:09 GMT

စျေးဆိုင် ဖွင့်ထားတဲ့ ဒေသခံတွေလည်း သေဆုံး သွားခဲ့ ကြပါတယ်

အာဖဂန် အလယ်ပိုင်း ဝါးဒက်ခ် ပြည်နယ်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ၂ ခု ဖြစ်ပွား ခဲ့ရာ၊ ရဲတပ်ဖွဲ့ဝင် တွေနဲ့ အရပ်သားတွေ အပါအဝင် လူပေါင်း ၁၃ ဦး ထက်မနည်း သေဆုံးသွားခဲ့ ပါတယ်။

ပထမ ဖြစ်ရပ် မှာတော့ အသေခံ ဗုံးတပ် အင်္ကျီ ဝတ်ထားတဲ့ အမျိုးသား တဦး ကနေ အမေရိကန် ဖွင့်ထားတဲ့ စစ်စခန်းတခု အနီးမှာ သူ့ကိုသူ ဖေါက်ခွဲလိုက်တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် လူတွေ အော်ဟစ် ဆူညံနေတဲ့ အချိန်မှာ ဖေါက်ခွဲပစ္စည်း အပြည့် တင်ထားတဲ့ ကုန်ကားတစီး အဲဒီ စစ်စခန်း ထဲကို အတင်း ဝင်ရောက်ပြီး ထပ်မံ ဖေါက်ခွဲလိုက်တာ ဖြစ်ပါတယ်။

စျေးဆိုင် ဖွင့်ထားတဲ့ ဒေသခံတွေလည်း သေဆုံးသွားခဲ့ကြပါတယ်။

ဒေသန္တရာ ဆေးရုံတခုက ဘီဘီစီကို ပြောရာမှာတော့ လူပေါင်း ၇၀ နီးပါးလောက် ဒဏ်ရာ ရသွားတဲ့ အတွက် ဆေးရုံ တင်ထားရ ကြောင်းနဲ့ အဲဒီ အထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေတော့ သေဆုံးမှု မရှိပါ။

တာလီဘန်တွေက ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာ လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။