BBC navigation

တောင်အာဖရိက သတ္တုတွင်း လုပ်သားတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 5 စက်တင်ဘာလ 2012 - 16:48 GMT

လုပ်ခလစာ မယ်မယ်ရရ တိုးပေးဖို့ တောင်းဆိုနေကြတဲ့ သတ္တုတွင်း အလုပ်သမားတွေ

တောင်အာဖရိကနိုင်ငံမှာ သတ္တုတွင်း အလုပ်သမား ၃ ထောင်ကျော်ဟာ လုံမင် သတ္တု တူးဖော်ရေး ကုမ္ပဏီပိုင် ပလက်တီနမ် သတ္တုတွင်း တစ်တွင်းကနေ နောက်တစ်တွင်း ဆီ ချီတက် ဆန္ဒပြ နေကြပါတယ်။

လုပ်ခလစာ မယ်မယ်ရရ တိုးပေးဖို့ တောင်းဆိုနေကြပြီး လုံမင် သတ္တု တူးဖော်ရေးကုမ္ပဏီနဲ့ အလုပ်သမားတွေရဲ့ ညှိနှိုင်းပြောဆိုမှုတွေ အောင်မြင်မှု မရရှိသေးပါဘူး။

ခွင့်ပြုချက်မတောင်းပဲ လုပ်ဆောင်တဲ့ ဒီ ဆန္ဒပြပွဲမှာ ပါဝင်ကြ ဖို့ အလုပ်သမား အချင်းချင်း ဆော်သြ တိုက်တွန်းနေကြပါတယ်။

ပြီးခဲ့တဲ့ လကပဲ မာရီကားနား သတ္တုတွင်းဆန္ဒပြမှုကို ရဲက နှိမ်နင်းခဲ့ရာမှာ မိုင်းတွင်းလုပ်သား ၃၄ ဦးသေဆုံးခဲ့ပါတယ်။

အခုလို ရွှေနဲ့ ပလက်တီနမ် တူးဖော်တဲ့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတာဟာ သမ္မတ Jacob Zuma အစိုးရအတွက် စိန်ခေါ်မှုအဖြစ် မြင်နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။