BBC navigation

ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 01:00 GMT
honkkong_elections

ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပနေပြီ

ဟောင်ကောင်မှာတော့ ကျွန်းနေ လူထု အတွက် သမိုင်းတွင်မယ့် ရွေးကောက်ပွဲကြီး စတင်နေပြီ ဖြစ်ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေး ကောင်စီ အတွက် ကိုယ်စားလှယ် နေရာ ၇၀ ထဲက ထက်ဝက်ကျော် အတွက် တိုက်ရိုက် ရွေးကောက် တင်မြှောက် နိုင်ကြမှာ ဖြစ်ပြီး ကျန်နေရာ တွေကိုတော့ အထူး အဖွဲ့တွေကနေ ရွေးချယ် ပေးသွားမှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလား တဲ့ အဖွဲ့တွေ အခြေအနေ ကောင်းနိုင်ကြောင်း အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်မရဲ့ မျိုးချစ်စိတ် ထက်သန်ရေး သင်ခန်းစာ တွေပို့ချမယ့် အစီအစဉ် တွေကို ဆန့်ကျင်ပွဲတွေ လုပ်ခဲ့ကြလို့ အခု ရွေးကောက်ပွဲမှာလည်း စိတ်ထက်သန်မှုတွေ များနေကြပါတယ်။

အခုကျင်းပတဲ့ ရွေးကောက်ပွဲကနေ တဆင့် လာမယ့် ၂၀၁၇ လောက် အစောဆုံး အဖြစ် လူတဦး မဲတမဲ ပေးနိုင်မယ့် ရွေးကောက်ပွဲကြီး ဖြစ်လာနိုင်မယ်လို့ ဘီဘီစီ သတင်းထောက် က သုံးသတ်ပါတယ်။

ဒါပေမယ့် ဒီလို ဖြစ်လာ နိုင်ဖို့ အခု ရွေးကောက်မယ့် အုပ်ချုပ်ရေးကောင်စီဝင် ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုတွေ ရဖို့ လိုအပ်ပါတယ်။

ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ ဗြိတိန်ကနေ တရုတ်လက်ကို ပြန်လည် လွှဲအပ် ခဲ့ပေမယ့် ပြည်မနဲ့ နှိုင်းယှဉ်ရင် ဟောင်ကောင်မှာ နိုင်ငံရေး လွတ်လပ်ခွင့် ပိုရှိသလို ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့် တွေလည်း ရှိပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။