BBC navigation

အယ်ကိုင်းဒါး ဒုခေါင်းဆောင် သေဆုံး

နောက်ဆုံး ရေးသားချိန် 10 စက်တင်ဘာလ 2012 - 22:57 GMT

အသတ်ခံလိုက်ရတဲ့ အယ်ကိုင်းဒါး ဒုတိယ ခေါင်းဆောင် အယ်လ် ရှက်ဒ်ရီ

အာရေဗျ ကျွန်းဆွယ်မှာ အယ်ကိုင်းဒါး ဒုတိယ ခေါင်းဆောင် Said Ali al-Shihri အသတ်ခံလိုက် ရပြီလို့ ယီမင်နဲ့ အမေရိကန်က လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယီမင်နိုင်ငံ တောင်ပိုင်းမှာ မစ္စတာ ရှက်ဒ်ရီကို စစ်တပ်က သတ်လိုက်ပြီလို့ ယီမင် အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမေရိကန် မောင်းသူမဲ့ယာဉ်တွေရဲ့ ပစ်ခတ်မှုကြောင့် တခြားလူ ငါးယောက် အပါအ၀င် အယ်လ် ရှီရီ သေဆုံးသွားတယ်လို့ တခြား သတင်းတွေမှာလည်း ရေးသားထားပါတယ်။

အမေရိကန် အရာရှိတွေက အယ် ရှဒ်ရီ အသတ်ခံလိုက်ရပြီလို့ အေပီ သတင်းဌာနကို ပြောခဲ့ ပေမယ့် ဒီကိစ္စမှာ အမေရိကန်တွေ ဘယ်လို ပါ၀င် ပတ်သက် ခဲ့သလဲ ဆိုတာကိုတော့ အတည်ပြု ပြောမသွားခဲ့ ပါဘူး။

အယ် ရှဒ်ရီဟာ ဆော်ဒီ နိုင်ငံသား တယောက် ဖြစ်ပြီး ဂွမ်တာနာမို မှာရှိတဲ့ အမေရိကန် အကျဉ်းစခန်းကနေ ၂ဝဝရ ခုနှစ် တုန်းက ပြန်လွတ်လာတာ ဖြစ်ပါတယ်။

အဲဒီနောက် သူဟာ ဆော်ဒီ အာရေဗျမှာ ပြန်လည် ထူထောင်ရေး လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အာရေဗျ ကျွန်းဆွယ်က အယ်ကိုင်းဒါးတွေနဲ့ ပေါင်းပြီး ယီမင်ကို ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။