BBC navigation

ဂျပန်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 16:33 GMT

အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်

အရှေ့တရုတ် ပင်လယ်က ကျွန်းစု အငြင်းပွားမှု ကိစ္စ အရှိန် မြင့်လာနေချိန်၊ ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ လူပေါင်း ရာနဲ့ချီပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြ ပါတယ်။

ဂန်ဘရီ နီပွန် (ဂျပန်အရေး ဆောင်ရွက်ကြပါ) လို့ ခေါ်တဲ့ အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒီကျွန်းစုတွေကို ဂျပန်က ပိုင်ဆိုင်တယ်ဆိုတာကို ပြတ်ပြတ် သားသား ကြေညာ ပြောဆို လိုကြောင်း အဲဒီ အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံ တလွှား မြို့ကြီးတွေမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

ဂျပန်လို့ ဆန်ကာကူ တရုတ်လို့ ဂျောင်ယုလို့ ခေါ်တဲ့ ဒီကျွန်းစုတွေကို ဂျပန် ပုဂ္ဂလိကပိုင် လက်ထဲ ကနေ အခုလ အစောပိုင်းတုန်းက ဂျပန် အစိုးရက ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားရေး စိတ်ဓာတ် အင်မတန် ပြင်းထန်တဲ့ တိုကျို အုပ်ချုပ်ရေးမှူး ကနေ ဒီကျွန်းတွေကို ဝယ်ယူဖို့ စီစဉ်ထားရာ၊ အစိုးရက လက်ဦးအောင် အရင် ဝယ်ယူ လိုက်တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။