BBC navigation

ဆီးရီးယား အခြေအနေ ဘရဟီမီ လုံခြုံရေး ကောင်စီမှာပြော

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 01:28 GMT

ဘရီဟီမီ

ဆီးရီးယားမှာ အခြေအနေက စိတ်ပျက်ဖွယ် ပိုပြီး ဆိုးရွား လာနေတယ်လို့ နိုင်ငံတကာ အထူး သံတမန် Lakhdar Brahimi က ပြောပါတယ်။

အကျဉ်း ကျခံနေရသူတွေဟာ ပုံမှန် နှိပ်စက် ညှင်းပမ်း ခံနေရပြီး လူတွေကလည်း အများပိုင် ဆေးရုံတွေမှာ သွားရောက် ဆေးကုခံရမှာ ကြောက်နေကြတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ သူက ပြောကြားခဲ့ ပါတယ်။

ရိက္ခာ ပြတ်လပ်မှု ကလည်း စဉ်ဆက် မပြတ် ဖြစ်နေပြီး ရှေး အမွေအနှစ် အဆောက်အဦ တွေဟာလည်း ဖျက်ဆီး ခံနေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဌ ဂျာမနီ နိုင်ငံ ကိုယ်စားလှယ်က ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ ရှေ့မတိုး နောက်မဆုတ် ဆုံးဖြတ်ချက် ချလို့မရ ဖြစ်နေတာထက် စာရင် နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်း တခု ရှာသင့်တယ်လို့ ပြောပါတယ်။

ဆီးရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Faisal Mekdad က တူရကီနဲ့ ပင်လယ်ကွေ့က တခြား နိုင်ငံတွေဟာ ဆီးရီးယားမှာ မငြိမ်မသက်မှု အရှိန် မြင့်လာအောင် ဖန်တီး နေတယ်လို့ ဘီဘီစီကို ရှင်းပြ သွားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။