BBC navigation

အီရန် အဏုမြူ ရေး အစ္စရေး သတိပေး

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 02:45 GMT
iran

အီရန် အဏုမြူ စီမံကိန်း ဗုံးပုံ လို ဆွဲပြ

အီရန် ကို မတားဆီး နိုင်ခဲ့ရင် ပထမ ဆုံး အဏုမြူ ဗုံး ထုတ်ဖို့ နောက် နှစ် လောက်မှာ သန့်စင်ပြီး ယူရေနီယမ် အလုံ အလောက် ရှိနေ နိုင်ပြီလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က သတိပေး လိုက်ပါတယ်။

အီရန် အဏုမြူ ဗုံး မထုတ်နိုင်ဖို့ ထိထိရောက်ရောက် တားဆီးနိုင်တဲ့ တခုထဲသော နည်းကတော့ ဗုံးလုပ်ဖို့ လိုတဲ့ သန့်စင်ပြီး ယူရေနီယမ် တွေ စုဆောင်းလို့ မရအောင် တားဆီးဖို့ပဲ ဖြစ်တယ်လို့ မစ္စတာ နေတန်ညာဟုက ပြောကြား ခဲ့ပါတယ်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အီရန် အဏုမြူ စီမံကိန်း အဆင့်ဆင့်ကို ပုံကြမ်း ဆွဲထားတဲ့ ဗုံးတလုံး ပုံကို ထောက်ပြရင်း အီရန် အဏုမြူ ရည်မှန်းချက် တွေအောက်မှာ မင်နီ တားရတော့မယ် လို့လဲ ပြောပါတယ်။

အီရန် အဏုမြူ ဗုံး မပိုင်ဆိုင်ရေး အတွက် အစ္စရေးနဲ့ အမေရိကန် တို့ ပူးတွဲ ဆောင်ရွက် နိုင်ကြမယ်လို့ ယုံကြည် ပေမယ့် ဒီလို လုပ်ဖို့ သိပ် နောက်ကျ နေပြီလို့လဲ သူက ဆိုပါတယ်။

အဏုမြူ ဗုံး လုပ်ဖို့ထိ မရှိဘူးလို့ အီရန် ကတော့ ငြင်းဆို နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။