BBC navigation

နီပေါနိုင်ငံမှာ လေယာဉ် ပျက်ကျ

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 18:13 GMT

ဒေါ်နီရာ လေယာဉ်ဟာ လေယာဉ်ကွင်း အနီးက မြစ်ဘေးမှာ ပျက်ကျသွားတာပါ

နီပေါနိုင်ငံမြို့တော် ကက်မန်ဒူမှာ လေယာဉ် တစင်း ပျက်ကျသွားလို့ လေယာဉ်ပေါ်ပါ လူပေါင်း ၁၉ ဦး သေဆုံးသွား ပါတယ်။

တောင်တက် သမား အဖွဲ့ တဖွဲ့ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧဝရက် တောင်တန်း ဒေသက ကက်မန်ဒူ ကနေ သိပ်မဝေးလှတဲ့ လူခ်လာ မြို့ကို သွားဖို့ ပျံတက်ချိန်မှာ ပျက်ကျ သွားတာ ဖြစ်ပါတယ်။

သေဆုံးသွားသူတွေဟာ ဗြိတိသျှ လူမျိုး ၇ ဦး၊ တရုတ် ၅ ဦး နဲ့ ကျန်တဲ့သူတွေ ကတော့ နီပေါ လူမျိုးတွေ ဖြစ်ကြ ပါတယ်။

စီတာ လေကြောင်းလိုင်းပိုင် ဒေါ်နီရာ လေယာဉ်ဟာ လေယာဉ်ကွင်း အနီးက မြစ်ဘေးမှာ ပျက်ကျသွားတာ ဖြစ်ပါတယ်။

ပျက် မကျခင်မှာ လေယာဉ်ဟာ ငှက်တကောင်ကို ဝင်တိုက်မိ ခဲ့တယ်လို့ လေယာဉ်ပိုင့်လော့က လေကြောင်း ထိန်းချုပ်ရေးရုံးကို လှမ်း အကြောင်းကြား ခဲ့တယ်လို့ အရာရှိတွေက ပြောပါ တယ်။

နီပေါနိုင်ငံမှာ အခုလို လူအသေ အပျောက်ရှိတဲ့ လေယာဉ် ပျက်ကျမှုတွေ ဖြစ်ပွားမှုဟာ ၂ နှစ် အတွင်းမှာ အခုတခါနဲ့ဆို ၆ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။