BBC navigation

တောင်အာဖရိက မိုင်းလုပ်သားသေဆုံးမှု စုံစမ်းရေးကော်မရှင်ဖွဲ့

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 16:59 GMT

သြဂုတ်လက ဆန္ဒပြနေကြတဲ့ ပလက်တီနမ်သတ္တုတွင်း လုပ်သားတွေ

တောင်အာဖရိကနိုင်ငံမှာ သြဂုတ်လက မာရီကာနာ ပလက်တီနမ်သတ္တုတွင်း ဆန္ဒပြမှုအတွင်း လူ ၄၀ ကျော်သေဆုံးခဲ့မှုနဲ့ပတ်သက်လို့ စတင်စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။

သေဆုံးသူအများစုဟာ မိုင်းလုပ်သားတွေ ဖြစ်ပြီး ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ တောင်အာဖရိကမှာ အသားအရောင် ခွဲခြားမှု ချုပ်ငြိမ်းခဲ့ပြီးနောက်ပိုင်း လူသေဆုံးမှုအများဆုံး အင်အားသုံးမှု ဖြစ်ပါတယ်။

သေဆုံးသူ မိသားစုတွေဟာ ဝေးလံ တဲ့ဒေသတွေမှာ နေကြတာမို့ လာရောက် သက်သေထွက်ဆိုဖို့ ခက်ခဲတဲ့အတွက် စုံစမ်းစစ်ဆေးမှုကို သီတင်း ၂ ပတ် ရွေ့ဆိုင်ဖို့ မိုင်းလုပ်သား မိသားစုတွေကိုယ်စား ရှေ့နေတွေက မေတ္တာရပ်ခံခဲ့ကြပါတယ်။

ဒါပေမယ့် စုံစမ်းရေးကော်မရှင်က စုံစမ်းမှုကို မြန်မြန်ဆန်ဆန်နဲ့ ပြီးပြည့်စုံအောင် လုပ်ဖို့ လိုတယ်လို ပြောဆိုပြီး ရက်ရွေ့ဖို့ ငြင်းခဲ့ပါတယ်။

စုံစမ်းရေးကော်မရှင်ဟာ ရဲ၊ သတ္တုတွင်း စီမံခန့်ခွဲမှု အလုပ်သမားသမဂ္ဂတွေနဲ့ အစိုးရပိုင်း စတာတွေရဲ့ ပါဝင်ပတ်သက်မှုတွေကို စုံစမ်းမှာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။