BBC navigation

ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်မှု၊ ဒါကားမှာ ကန့်ကွက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 2 အောက်တိုဘာလ 2012 - 16:47 GMT

လုံခြုံရေး တွေကိုလည်း တိုးချထားပါတယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ တိုက်ခိုက် ခံခဲ့ရတဲ့ အပေါ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ် ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ တက္ကသိုလ် ပေါင်းစုံက ကျောင်းသားတွေ စုပေါင်းပြီး ဒါကားမြို့ အမျိုးသား ပြတိုက်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေး တွေ တင်းတင်း ကျပ်ကျပ် ချထားပြီး မတည်ငြိမ်မှု တွေ ဆက် မဖြစ်အောင် ထိန်းသိမ်း နေချိန်မှာပဲ အဖွဲ့ အစည်း ပေါင်းစုံက လူပေါင်း ၅၀၀ လောက်က အခုလို ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။

မီးရှို့ တိုက်ခိုက် ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ထဲမှာ တချို့ ကျောင်းတော် တွေဟာ နှစ်ပေါင်း ၂၅၀ ကျော် ၃၀၀ ခန့်က တည်ရှိခဲ့တဲ့ ကျောင်းတွေ ဖြစ်ကြပါတယ်။

ရှေးခေတ် ရွှေဆင်းတုတော်တွေ ပျောက်ဆုံးတာ၊ ပိဋကတ်တော်တွေ မီးလောင် ပျက်ဆီးသွားတာတွေနဲ့ ရှေးဟောင်း စာပေတွေ ပျက်ဆီး သွားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှေးခေတ် ယဉ်ကျေးမှု အမွေ အနှစ်တွေ လုယက် ဖျက်ဆီး ခံခဲ့ရတာ ဖြစ်လို့ ဘင်္ဂလားက ဗုဒ္ဓဘာသာဝင်တွေ အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် အမျိုးသား တစ်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ အစ္စလာမ် ဘာသာကို စော်ကားတယ် ဆိုတဲ့ ဓာတ်ပုံ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက် ပေါ်ထွက်လာပြီး နောက် ရာမူးနဲ့ ကော့ဆက် ဘဇား မြို့တို့မှာ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ ဘုန်းကြီးကျောင်းတွေ၊ ဆင်းတုတော် တွေကို မွတ်ဆလင် တွေက တိုက်ခိုက်ခဲ့ ကြတာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာလည်း သံဃာ အပါး ၁၀၀ လောက်က ဘင်္ဂလားဒေ့ရှ် သံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။