BBC navigation

နိုင်ဂျီးရီးယားက မူဘီမှာ ကာဖျူးထုတ်

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 01:05 GMT
mubi_attack

တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ မူဘီမြို့

နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက မူဘီ မြို့မှာတော့ ကျောင်းသားတွေ နေတဲ့ အိမ်ဆောင် တွေကို သေနတ်သမားတွေက တိုက်ခိုက်ခဲ့လို့ လူ၂၆ ဦးထက်မနည်း သေဆုံး ခဲ့ရပြီး နောက်မှာ ကာဖျူး အမိန့် ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ သေနတ်သမား တွေဟာ တခန်းဝင် တခန်းထွက် နဲ့ လူတွေကို သေနတ်နဲ့ ပစ်၊ ဓားနဲ့ ထိုးပြီး သတ်ဖြတ် ခဲ့ကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံတဦးက ပြောကြားရာမှာ စစ်ဝတ်စုံ ဝတ်ထားသူတွေက တအိမ်ပြီး တအိမ် ပြောင်းပြီး အထဲက လူတွေကို ခေါ်ထုတ်ပြီး၊ အဲဒီလို ထွက်လာကြတဲ့ သူတွေကို နာမည်တွေမေးတဲ့ အကြောင်းနဲ့ အဲဒီအပေါ်မှာ မူတည်ပြီး တချို့ကို ပြန်လွှတ်၊ တချို့ကိုတော့ သတ်ပစ်ခဲ့ကြတဲ့ အကြောင်းကို ပြောပါတယ်။

ရဲဘက်ကလည်း ဒီ သေနတ်သမား တွေက လူတချို့ရဲ့ နာမည်ကို ခေါ်ထုတ်ပြီး ထွက်လာသူတွေကို သတ်ပစ် ခဲ့ကြတာလို့လည်း ပြောပါတယ်။ အဲဒီ အတွက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကို ဟာရမ်အဖွဲ့ကိုပဲ သံသယရှိနေကြတယ်လို့ အဲဒီက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် ကျောင်းသားတွေ အကြားမှာ ရှိနေတဲ့ နိုင်ငံရေး အားပြိုင်မှုတွေ ကိုလည်း ပစ်ပယ်ထားလို့ မရတဲ့ အကြောင်း ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။