BBC navigation

ဆီးရီးယား တူရကီ အရေး ဘန်ကီမွန်း စိုးရိမ်

နောက်ဆုံး ရေးသားချိန် 5 အောက်တိုဘာလ 2012 - 01:33 GMT
bankimoon

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

တူရကီနဲ့ ဆီးရီးယား နယ်စပ် တလျှောက်မှာ ဖြစ်နေတဲ့ အခြေအနေ တင်းမာမှု တွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန် မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက် ပါတယ်။

ဆက်လက်ပြီး ဆီးရီးယား ထဲက အခြေအနေတွေ ပိုမို ဆိုးရွားလာ နေတာနဲ့ အမျှ ဒေသတွင်းမှာ စစ်မီး ပျံ့နှံ့လာဖို့ ပိုပြီး နီးစပ်လာနေတယ်လို့ ဆိုပါတယ်။

ဒါကတော့ ဆီးရီးယား ဘက်က တူရကီနဲ့ နယ်စပ်မှာ ရှိတဲ့ တူရကီ ကျေးရွာ အခ်ကာလေကို မော်တာကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ ကိစ္စကို ပစ်တင်ရှုံ့ချတဲ့ ကြေညာချက် ထုတ်ပြန် ဖို့ အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ တွေ့ဆုံ ဆွေးနွေး နေကြစဉ်မှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် လုံခြုံရေး ကောင်စီက ပစ်တင်မယ့် ကိစ္စကိုတော့ ရုရှား ကန့်ကွက် ခဲ့တဲ့ အတွက် မလုပ်နိုင်ခဲ့ပါဘူး။ ရုရှားက ဒီအတွက် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ် ဆိုတဲ့ အသုံးအနှုန်း တွေမပါဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ ပြောတဲ့ ကြေညာချက်မျိုး ထုတ်ဖို့ကို တင်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။