BBC navigation

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 6 အောက်တိုဘာလ 2012 - 15:58 GMT
Sheikh Hasina

တနင်္လာနေ့မှာ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို စနေနေ့က ဝန်ကြီးချုပ် ရုံးခန်းကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ခဲ့ပါတယ်။

တနာရီလောက် ကြာတဲ့ ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက အကြမ်းဖက် သူတွေကို ဖမ်းဆီးပြီး တရား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်သလို နစ်နာ သူတွေကိုလည်း လျော်ကြေး ပေးမယ်လို့ ကတိပြု ပြောကြား ခဲ့တယ်လို့၊ တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ မာရမာကြီး ရှေ့နေ ဘီပလော့ ဘရဝါက ဘီဘီစီကို ပြောပြ ပါတယ်။

ဝန်ကြီးချုပ်ဟာ လာမယ့် တနင်္လာနေ့မှာ အကြမ်းဖက် မီးရှို့ တိုက်ခိုက် ခံခဲ့ ရတဲ့ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမှာ ဖြစ်သလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ လည်း အဲဒီမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခုအခါ ဒီအရေး ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေခဲ့တာကြောင့် အာဏာပိုင်တွေဟာ အရေးယူမူတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

စနေနေ့က ထုတ်ပြန်တဲ့ သတင်းတွေ အရ လူပေါင်း ၂၅၀၀ လောက်ကို ရဲက တရားစွဲဆို ထားပြီး၊ ဖမ်းဆီးထားသူ ၂၀၀ ကျော်ကိုလည်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။