BBC navigation

မောင်းသူမဲ့ လေယာဉ်ကို အစ္စရေး ပစ်ချ

နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2012 - 01:04 GMT
isreal_drone

မောင်းသူမဲ့ လေယာဉ်ကို ပစ်ချစဉ်

မြေထဲပင်လယ် ကနေ အစ္စရေး လေပိုင်နက် ထဲကို ဝင်ရောက်လာတဲ့ မောင်းသူမဲ့ လေယာဉ် တစင်းကို အစ္စရေးက ပစ်ချ လိုက်ပါတယ်။

ဒီမောင်းသူမဲ့ လေယာဉ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပါမလာခဲ့ပေမယ့် နောက်ပိုင်းမှာ လူမနေတဲ့ ဒေသတခု အတွင်းမှာ ဖျက်ဆီးပစ်လိုက်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေးက ပေါ့ပေါ့ တန်တန် သဘောမထား တဲ့အကြောင်း အဲဒီက သတင်းထောက်တွေက ဆိုပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အစ္စရေး ရဲ့ လေပိုင်နက်ထဲကို ပထမဆုံး အကြိမ် ကျူးကျော် ဝင်ရောက်ခံရမှုလည်း ဖြစ်ပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး ကလည်း ဒီအတွက် တုန့်ပြန် မှုတွေ လုပ်ကောင်း လုပ်မယ့် အကြောင်း သတိပေး ထားပါတယ်။

ဒီ မောင်းသူမဲ့ လေယာဉ်ကို ဘယ်သူက လွှတ်တင်လိုက်တယ် ဆိုတာကို အတိအကျ မသိရသေး ပေမယ့် အီရန်က အားပေးကူညီ နေတဲ့ လက်ဘနွန်ထဲက ဟဇ်ဘိုလာ လှုပ်ရှားမှု အဖွဲ့က လွှတ်တင်လိုက်တာ ဖြစ်နိုင်ကြောင်း ခန့်မှန်း နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။