BBC navigation

အစ္စရေးမှာ ရွေးကောက်ပွဲ စောပြီးကျင်းပမယ်

နောက်ဆုံး ရေးသားချိန် 10 အောက်တိုဘာလ 2012 - 00:49 GMT
_netanyahu

ရွေးကောက်ပွဲကျင်းပတော့မယ်ဆိုတဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု

အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နေတန် ယာဟုက အထွေထွေ ရွေးကောက်ပွဲကို စောနိုင်သမျှ စောအောင် ကျင်းပဖို့ ပြောလိုက်ပါတယ်။

ဒါကလည်း တိုင်းပြည် အတွင်း စီးပွားရေးနဲ့ လုံခြုံရေး ပြဿနာတွေ ကြုံနေရစဉ် အတော အတွင်းမှာ အမျိုးသား အကျိုးစီးပွား အတွက် အခုလို လုပ်ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

သူ့ရဲ့ ညွန့်ပေါင်း အစိုးရအတွင်းမှာ ဘတ်ဂျက်သစ် နဲ့ ပတ်သက်လို့ တခြား တွဲဖက် ပါတီတွေနဲ့ သဘောတူညီချက် မရခဲ့တဲ့ နောက်မှာ မစ္စတာ နေတန်ယာဟုက အခုလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နေတန်ယာဟုက အခုအချိန် မှာ သူ့တာဝန်အရ အားလုံးထက် အမျိုးသား အကျိုးစီးပွား ကိုသာ ဦးထိတ်ထား ရမှာ ဖြစ်လို့ တိုင်းပြည် အတွက် လိုအပ်နေတဲ့ အကောင်းဆုံး အဖြေဖြစ်တဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့ အတွက် သူဆုံးဖြတ် လိုက်တယ်လို့ ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ လက်ယာ ညွန့်ပေါင်းအစိုးရ ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစလို့ အစ္စရေးကို အုပ်ချုပ် လာခဲ့တာ ဖြစ်ပြီး နိုင်ငံရေး အရ စိန်ခေါ်မှုတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရ ပေမယ့် နောက်ထပ် ရွေးကောက်ပွဲ တခု လုပ်ဖို့ကတော့ အချိန် တနှစ်လောက် ကျန်ပါသေးတယ်။ မစ္စတာ နေတန်ယာဟု ကိုယ်တိုင် ကလည်း ခုထက်ထိလူကြိုက် များနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။