BBC navigation

အာဖဂန်က နိုင်ငံတကာ တပ်တွေမှာ အန္တရာယ်ရှိနေ

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 00:52 GMT
afghan_nato

အာဖဂန်နစ္စတန် အတွင်းက အမေရိကန် တပ်ဖွဲ့ဝင်များ

အာဖဂန် နစ္စတန် အတွင်းက အမေရိကန်နဲ့ နေတိုး တပ်ဖွဲ့တွေဟာ လိမ်လည်မှု တခုကြောင့် တာလီဘန်တွေတိုက်ခိုက်ခံရမယ့် အန္တရာယ်တွေ ရှိနေတယ်လို့ အမေရိကန် အစိုးရ အေဂျင်စီ တခုက သတိပေးလိုက် ပါတယ်။

အဲဒီ အဖွဲ့ရဲ့ သတိပေး စာထဲမှာ အာဖဂန် နစ္စတန် ပြန်လည် တည်ဆောက်ရေး ဆိုင်ရာ အထူး စစ်ဆေးရေးမှူးချုပ် ရဲ့ အဆိုအရ လမ်းတွေအောက်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ သိုဝှက် သိမ်းဆည်း နိုင်တဲ့ ရေနုတ်တဲ့ မြောင်းတွေကို မပိတ်ဆို့ နိုင်သေးဘဲ အခုထက်ထိ လက်နက်ကိုင် အဖွဲ့တွေက အသုံးပြုလို့ ရနေသေးတယ်လို့ ဆိုပါတယ်။

အမေရိကန်ဘက်က စစ်ဆေးရေးမှူး တွေက အဲဒီ အရေ အတွက်အားဖြင့် ၁၀၀ ကျော်ရှိတဲ့ ရေနုတ်မြောင်း တွေကို ပိတ်ပစ်ဖို့ အတွက် အခကြေးငွေ ပေးပြီး စေခိုင်းခဲ့တဲ့ အာဖဂန် ဆောက်လုပ်ရေး ကွန်ထရိုက်တာ တွေက အကြီးအကျယ် လိမ်လည်ထားတဲ့ အထောက်အထား တွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးရေးတွေ စတင်နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။