BBC navigation

အီဂျစ်မှာ သမ္မတ ထောက်ခံသူနဲ့ ကန့်ကွက်သူ တိုက်ခိုက်ပစ်ခတ်

နောက်ဆုံး ရေးသားချိန် 13 အောက်တိုဘာလ 2012 - 00:59 GMT

ဆူပူ ဆန္ဒပြမှုတွေ ထပ်ဖြစ်

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အလယ်အလတ် အစ္စလာမ် ဝါဒီ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် လူ ၈ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကတည်းက အာဏာရခဲ့တဲ့ သမ္မတ မော်စီ လက်ထက်မှာ ဒါဟာ အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်ပါတယ်။

မနေ့မနက်က သမ္မတမော်စီကို ဆန်ကျင်သူတွေဟာ တီဟီရာရင်ပြင်မှာ စုဝေးပြီး ကြွေးကြော်သံတွေ ဟစ်အော်ဆန္ဒပြခဲ့ကြတာက စပါတယ်။

ဒီနောက် သမ္မတမော်စီကို ထောက်ခံသူတွေ ကလည်း ဆန့်ကျင်သူတွေ အသုံးပြုတဲ့ စင်မြင့်ကို ဖျက်ဆီးပြီးတုံပြန်ခဲ့ကြပါတယ်။

ဒီနောက်မှာ တဘက်နဲ့တဘက် ခဲတွေ ပုလင်းတွေ ဓါတ်ဆီဗုံးတွေနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့ကြပါတယ်။

တီဟီရာရင်ပြင်အစွန်မှာ သမ္မတကို ထောက်ခံတဲ့ မူဆလင် ညီနောင်များ အဖွဲ့ဝင်တွေကို သယ်ပို့ရာမှာ အသုံးပြုတဲ့ ဘတ်စကား ၂ စီးကို ဆန့်ကျင်သူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

နိုင်းမြစ် မြစ်ဝကျွန်းပေါ်မြို့ Mahalla မှာရှိတဲ့ မူဆလင် ဘရားဟု ရဲ့ ရုံးချုပ်ကိုလဲ တိုက်ခိုက်ခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။