BBC navigation

ကိုလံဘီယာ ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်

နောက်ဆုံး ရေးသားချိန် 18 အောက်တိုဘာလ 2012 - 15:58 GMT
Ivan Marquez

ကိုလံဘီယာမှာ တရားမျှတမှု ဖြစ်ထွန်းရေးနဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ရေး ကြိုးစား ဆောင်ရွက်မယ်

ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန် အဖွဲ့ ဟာ နော်ဝေ နိုင်ငံ အော်စလို မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ စတင် နေပြီ ဖြစ်ပါတယ်။

ကိုလံဘီယာမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွား နေတဲ့ ပြည်တွင်းစစ် အဆုံးသတ် စေရေး ကြိုးပမ်းချက် တရပ် အနေနဲ့ အခုလို ဆွေးနွေး နေတာ ဖြစ်ပြီး၊ နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့တွေဟာ ဆွေးနွေးပွဲ အဆင့်တွေကို သတ်မှတ်သွားမှာ ဖြစ်ပါ တယ်။

နော်ဝေနိုင်ငံ ဟိုတယ် တခုမှာ စတင်ပြုလုပ် နေတဲ့ ဒီစေ့စပ် ဆွေးနွေးမှု တွေဟာ လနဲ့ချီ ကြာမြင့် နိုင်တယ်လို့ မျှော်လင့်ရ ပါတယ်။

သူပုန် အဖွဲ့ဘက်က စေ့စပ်ရေးမှူး Ivan Marquez က သူဟာ သံလွင်ခက် တခု ယူလာကြောင်းနဲ့ ကိုလန်ဘီယာမှာ တရားမျှတမှု ဖြစ်ထွန်းရေးနဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်လာဖို့ အတွက် ကြိုးစား ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ကိုလံဘီယာမှာ ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာဖို့ လိုလားနေသူတွေ ရဲ့ နိုင်ငံရေး ဆန္ဒကို သေနတ်တွေ ဗုံးဆံတွေ နဲ့ ချိုးဖျက်လို့ မရနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမယ်လို့ အစိုးရရဲ့ စေ့စပ် ညှိနှိုင်းရေးမှူး Humberto de la Calle ကတော့ မစ္စတာ Marquez တင်ပြ လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ပုံစံ ဆွေးနွေးရေး ဆိုတဲ့ အချက်တွေလို ကိစ္စရပ်တွေ ကိုတော့ နှစ်ဘက် သဘောတူညီ ထားတဲ့ အစီအစဉ် ထဲမှာ မပါတာကြောင့် ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

နော်ဝေမှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး၊ နောက်ပိုင်း ဆွေးနွေးပွဲတွေကို ကျူးဘား နိုင်ငံ မြို့တော် ဟာဗားနားမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။


နိုင်ငံတကာမှာ အစိုးရနဲ့ သူပုန်တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အောင်မြင်မှုရအောင် ဘယ်လို အချက်တွေကို အဓိက ဂရုစိုက်သင့် သလဲ ဆိုတဲ့ အကြောင်း ကိုမင်းထက်က တင်ဆက် ပေးထားတာကိုလည်း နားဆင် နိုင်ပါတယ်။

နိုင်ငံတကာ သတင်းသုံးသပ်ချက်

ဖိလစ်ပိုင်က ငြိမ်းချမ်းရေး သဘောတူညီချက်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။