BBC navigation

လက်ဗနွန် ဗုံးခွဲခံရမှု

နောက်ဆုံး ရေးသားချိန် 21 အောက်တိုဘာလ 2012 - 00:46 GMT
_beirut_blast_304x

လက်ဗနွန် ဗုံးပေါက်ကွဲမှု

လက်ဗနွန် မှာ ကားဗုံးပေါက်ကွဲမှု မှာ နိုင်ငံ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ဝီဆမ် အယ်လ် ဟာဆန်သေဆုံးမှု နဲ့ ပတ်သက်ပြီး ညီအကိုဝမ်းကွဲ တော်စပ်သူ ဘရူတေ့ မြို့တော်ဝန် ဝါဆဲလ် အယ်လ်ဟာဆန် က ဗိုလ်မှူးချုပ် ဝီဆမ် အယ်လ် ဟာဆန် ကို သတ်ပစ်နိုင်တဲ့ အထိ လက်လှမ်းမီသူ တွေဟာ လူ့ကျင့်ဝတ် အရရော၊ ဘာသာတရား အရပါ ဆန့်ကျင်သူ တွေ ဖြစ်ကြတဲ့ အတွက် လက်ဗနွန် နိုင်ငံဟာ ရာဇဝတ်သားတွေ သောင်းကျန်းသူ တွေ အခြေစိုက် စခန်း လို ဖြစ်နေပြီ လို့ ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား အစိုးရ ကိုယ်တိုင်လည်း ဒီဗုံးခွဲမှု ကို ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ဆီးရီးယား အစိုးရ ကို ဆန့်ကျင်ဆန္ဒ ပြမှုတွေလည်း လက်ဗနွန် နိုင်ငံတွင်းက မြို့တချို့ မှာ ပေါ်ပေါက် နေပါတယ်။ ကနေ့ မှာ ဗိုလ်မှူးချုပ် ဝီဆမ် အယ်လ် ဟာဆန် ရဲ့ အသုဘ ချမှာပါ။

လက်ဗနွန် ဝန်ကြီးချုပ်နာဂျစ် မီကာတီ က ပြီးခဲ့တဲ့ သောကြာနေ့ က နိုင်ငံ့ ထောက်လှမ်းရေး အကြီးအကဲ ကားဗုံး ပေါက်ကွဲမှု အတွင်း သေဆုံးမှု နဲ့ ပတ်သက်ပြီး ရာထူးက နှုတ်ထွက်ဖို့ နှုတ်ထွက်စာ တင်ပေမယ့် နိုင်ငံ ရဲ့ အမျိုးသား အကျိုးစီးပွား အတွက် ဝန်ကြီးချုပ် ရာထူးမှာ ဆက်နေဖို့ ဝိုင်းပြီး တိုက်တွန်းကြပါတယ်။

ဗုံးဖေါက်ခွဲ မှုဟာ ဆိုရင် လက်ဗနွန်မှာ ဗုံးဖေါက်ခွဲမှု တွေ ပေါ်ပေါက်ရေး အတွက် ဆီးရီးယား လိုလားတဲ့ ဝန်ကြီး တယောက် နဲ့ ပတ်သက်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲချက် အရ အဆိုပါ ဝန်ကြီးကို ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ဝီဆမ် အယ်လ် ဟာဆန် ကနေ ဖမ်းဆီးရာက အစပြုတယ် လို့ ဝန်ကြီးချုပ် နာဂျစ် မီကာတီ က ကောက်ချက် ချမိပါတယ်။

လက်ဗနွန်ပြည်သူ အများစု ကတော့ ကားဗုံးပေါက်ကွဲမှု နဲ့ ပတ်သက်ပြီး ဆီးရီးယား အစိုးရ ကိုပဲ အပြစ်တင်ကြပါတယ်။ ဒီဗုံးပေါက်ကွဲမှု ကြောင့် လူ ၃ ဉီးသေဆုံးတဲ့ အကြောင်း၊ မူလ ထုတ်ပြန်တဲ့ သတင်း အရ ဂ ဉီး မဟုတ်တဲ့ အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ကလည်း ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။