BBC navigation

ဆီးရီးယားအပစ်ရပ်ရေး သဘောတူပြီလို့ ဘရာဟီမီပြော

နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2012 - 01:40 GMT

နိုင်ငံတကာ အထူး သံတမန် လက်ခ်ဒါ ဘရာဟီမီ

မူဆလင်ပွဲတော် အီးဒ် အတွင်း အပစ်ရပ်ထားဖို့ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေက သဘောတူပါတယ်လို့ မစ္စတာ ရိုဆန်သယ်လ်က ဆိုသွားတာပါ။

မစ္စတာ ဘရာ့ဒ် ဟီမီကတော့ ဆီးရီးယား အစိုးရနဲ့ အဓိက လက်နက်ကိုင် သူပုန် အဖွဲ့တွေ အပစ်ရပ်ရေး သဘောတူချက် ရခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား အစိုးရ ဖက်က သူတို့ အနေနဲ့ ဒီအပစ်ရပ်ရေး အစီအစဉ်ကို လေ့လာ သုံးသပ်နေတုန်းဘဲ ဒီနေ့ ကြာသပတေးနေ့ ကျမှ သူတို့ ဆုံးဖြတ်ချက်ကို ကြေညာမယ် လို့ဆိုပါတယ်။

တချို့ အစ္စလာမ် ဝါဒီ အဖွဲ့တွေကတော့ ဒီအပစ်ရပ်ရေးကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဆီးရီးယားမှာ အပစ်ရပ်ရေး သဘောတူချက် ရမှသာ လူမူကယ်ဆယ်ရေး အကူအညီတွေ လိုအပ်တဲ့ နေရာကို ပို့ဆောင်ပေးနိုင်ပြီး ဆွေးနွေး ညှိနှိုင်း မှုတွေ လုပ်နိုင် လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း မစ္စတာ ဘရာ့ဟီမီက သူတို့ကို ပြောခဲ့တယ်လို့ သံတမန်တွေက ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။