BBC navigation

ဆော်ဒီမှာ မင်္ဂလာဆောင် မီးလောင် လူသေ

နောက်ဆုံး ရေးသားချိန် 31 အောက်တိုဘာလ 2012 - 16:26 GMT
Saudi Fire

ဆော်ဒီမှာ မင်္ဂလာဆောင် မီးလောင်လို့ အမျိုးသမီးနဲ့ ကလေးတွေ သေဆုံးခဲ့ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ပိုင်း မင်္ဂလာဧည့်ခံပွဲတခုမှာ မီးလောင်ခဲ့လို့ ၂၅ ဦး သေဆုံးပြီး၊ နောက်ထပ် ၃၀ လောက် ဒဏ်ရာ ရခဲ့ပါတယ်။

ဆော်ဒီမှာက ဧည့်ခံပွဲတွေမှာ အမျိုးသား၊ အမျိုးသမီး ခွဲပြီး သီးသန့်ထိုင်ရတာမို့ သေဆုံးသူတွေဟာ မိန်းမတွေနဲ့ ကလေးတွေပဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဧည့်ခံပွဲမှာ မီးရှူးမီးပန်းတွေ ပစ်ဖော်ကြတုန်း ဗို့အားမြင့် မီးအားမြင့်စက် လဲပြိုပြီး မီးလောင်ခဲ့တာလို့ သုံးသပ်ကြပါတယ်။

ထွက်ပေါက်က တခုထဲ ရှိတာမို့ သေရေးရှင်ရေး ပြေးလွှားကြတုန်း ဓာတ်လိုက် သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။