BBC navigation

နယူးယော့ မာရသွန် ပွဲပျက်

နောက်ဆုံး ရေးသားချိန် 3 နိုဝင်ဘာလ 2012 - 01:49 GMT
new york marathon

မုန်တိုင်းဒဏ် ခံရချိန်မှာ ပွဲ မလုပ်သင့်

အမေရိကန် အားကစား လောကမှာ ထင်ရှားတဲ့ နယူးယော့ မာရသွန် ပြိုင်ပွဲကို မုန်တိုင်းဒဏ် အလူးအလဲ ခံလိုက်ရတဲ့ အချိန်မျိုးမှာ မလုပ်သင့်ဘူး ဆိုတဲ့ ဝေဖန်မှု တွေကြောင့် ဖျက်သိမ်း လိုက်ရ ပါတယ်။

မုန်တိုင်း အပြီး ပြန်လည် ထူထောင်ရေး အတွက် သုံးမယ့် အထဲက ဒီပြိုင်ပွဲ အတွက် ယူမှာ မဟုတ်ပါဘူးလို့ နယူးယော့ မြို့တော်ဝန် မိုက်ကယ် ဘလွန်းဘတ်က စောဒက တက်ခဲ့ပါတယ်။

ဒါပေမယ့် ထူထောင်ရေး ကြိုးပမ်းမှု တွေ နှောင့်နှေးမှာ စိုးလို့ ဒီပြိုင်ပွဲ မလုပ်သင့်ဘူး ဆိုတဲ့ စဉ်းစား စရာတွေ ပေါ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ တလွှားက အပြေးသမား လေးသောင်းကျော် တငနင်္ဂနွေ နေ့မှာ လုပ်မယ့် မာရသွန်မှာ ပြေးဖို့ အားခဲ ထားကြတာပါ။

မုန်တိုင်း အပြီး ၅ ရက် ကြာတဲ့ အထိ လျှပ်စစ်မီးနဲ့ လောင်စာ ပြတ်နေတဲ့ လေဘေး ဒုက္ခသည် တွေ အကြား မကျေနပ်မှုတွေ ကလဲ ကြီးမား နေတာမို့ ဘေးဒဏ်ခံ ဒေသ တွေအတွက် လောင်စာဆီ ဂါလန် သန်းနဲ့ချီ ဝယ်ဖို့ သမ္မတ အိုဘားမားက ညွှန်ကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။