BBC navigation

စုံစမ်းစစ်ဆေးမှု အီရန် ပူးပေါင်းဆောင်ရွက်ခြင်းမရှိ

နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2012 - 01:45 GMT

အိုင်အေအီးအေ အကြီးအကဲ Yukio Amano

အီရန် နိုင်ငံဟာ နျူကလီးယား လက်နက် လျှို့ဝှက် ထုတ်နေတယ် ဆိုတဲ့ အပေါ် စုံစမ်း စစ်ဆေးမှုမှာ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူးလို့ နိုင်ငံတကာ အနုမြူ အေဂျင်စီ အိုင်အေအီးအေက ပြောပါတယ်။

အီရန်က နျူကလီးယား လက်နက် ထုတ်လုပ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ လက်ခံ ယုံကြည်ရလောက်တဲ့ သတင်း အချက်အလက်တွေ ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အိုင်အေ အီးလေ အကြီးအကဲ Yukio Amano ကပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အီရန်ကို ဖြေရှင်းချက် တောင်းခံ ခဲ့ပေမယ့် ခိုင်မာတဲ့ ရလဒ်တွေ မရခဲ့ဘူးလို့ မစ္စတာ အမန်နိုက ဆိုပါတယ်။

အိုင်အေ အီးအေရဲ့ စွပ်စွဲချက်တွေက အစ္စရေးနဲ့ အမေရိကန် တို့က ပေးပို့တဲ့ အစီရင် ခံစာတွေမှာ အခြေခံထားတာ ဖြစ်တယ်လို့ အီရန် နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။