BBC navigation

ဆီးရီးယားမှာ အကူအညီ ပေးရေး ခက်ခဲ

နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2012 - 16:17 GMT
ICRC

ICRC ဟာ ဆီးရီးယား နိုင်ငံတွင်း နေရာ ဒေသ အားလုံးကို မသွားရောက် နိုင်ခဲ့ဘူးလို့ ဆိုပါတယ်

ဆီးရီးယား နိုင်ငံမှာ လူသာချင်း ကူညီ ထောက်ထားမှု ဆိုင်ရာ အကူ အညီ ပေးရေး အခြေအနေ တွေဟာ အခုဆိုရင် တော်တော် ဆိုးလာ နေပြီး၊ ဒုက္ခရောက် နေသူတွေကို ကူညီ နိုင်ဖို့ အတွက် ခက်ခက် ခဲခဲ ရုန်းကန် ဆောင်ရွက် နေရတယ်လို့ အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ ICRC ဥက္ကဌ ပီတာ မော်ရာက ပြောကြားလိုက် ပါတယ်။

ICRC ဟာ ဆီးရီးယား နိုင်ငံတွင်း နေရာ ဒေသ အားလုံးကို မသွားရောက် နိုင်ခဲ့ဘူးလို့ မစ္စတာ မော်ရာက ဆိုပါတယ်။

မြို့တော် ဒမားစကပ်စ်မှာ ဆိုရင်လည်း သူပုန်တွေနဲ့ အစိုးရ တပ်ဖွဲ့တွေဟာ ရပ်ကွက်အတော်များများမှာ အပြင်းအထန် တိုက်ခိုက်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

ကာတာနိုင်ငံ မြို့တော် ဒိုဟာ မှာ ပြုလုပ်နေတဲ့ ဆီးရီးယား အဓိက အတိုက် အခံ အဖွဲ့ကြီး ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်းစီ SNC ကနေ အဖွဲ့ဝင် ၄၀ ပါ အတွင်းရေးမှူး အဖွဲ့ကို ရွေးချယ် လိုက်ပါတယ်။

ဒီအတွင်းရေးမှူး အဖွဲ့ဟာ အစ္စလာမ် ဝါဒကို အခိုင်အမာ ကိုယ်စားပြုတဲ့ အဖွဲ့အဖြစ် တွေ့မြင် ရပါတယ်။

အတွင်းရေးမှူး အဖွဲ့ဝင်တွေ အဖြစ် အခု အချိန် အထိ အမျိုးသမီး တွေကို ခန့်အပ်တာမျိုး မရှိသေးပါ။ သောကြာနေ့ မှာတော့ အဲဒီ အထဲ ကနေ ဥက္ကဌ တဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။