BBC navigation

သမ္မတ အိုဘားမား ဖလော်ရီဒါမှာလည်းနိုင်

နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2012 - 23:45 GMT
obama_pic

ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်မယ့် သမ္မတ အိုဘားမား

ပြီးခဲ့တဲ့ သတင်းပတ် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားဟာ ဖလော်ရီဒါပြည်နယ် မှာလည်း အနိုင်ရရှိ ခဲ့တယ်လို့ ရွေးကောက်ပွဲ အာဏာပိုင် တွေက အတည်ပြု ပြောကြား လိုက်ပါတယ်။

သမ္မတ အိုဘားမားက ပြိုင်ဘက် ရီပတ်ပလစ်ကန် ပါတီက မစ်ရွန်မနီကို ၁ ရာခိုင်နှုန်း အောက်သာ မဲအသာရပြီး နိုင်ခဲ့ ပေမယ့် ဒီလို နိုင်လိုက်တာက သူ့ရဲ့ ရွေးကောက်ပွဲ အနိုင်အရှုံး ကွာခြားချက်ကိုတော့ ပိုပြီး ကြီးသွား စေခဲ့ပါတယ်။

ဒီပြည်နယ်ကိုပါ ထည့်ပေါင်းရင် သမ္မတ အိုဘားမားဟာ မဲယိုင် တတ်တဲ့ ပြည်နယ် စုစုပေါင်း ၉ ခုထဲက ၈ ခုမှာ အနိုင်ရ ခဲ့တာ ဖြစ်ပြီး ပြည်နယ် အလိုက် ရတဲ့မဲ အရေ အတွက်အားဖြင့် ၃၃၂ မဲ ရရှိ သွား ခဲ့ပါတယ်။

ဒီတခါမှာတော့ ဖလော်ရီဒါ ပြည်နယ်ရဲ့ အနိုင်အရှုံး ရလဒ်တွေဟာ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲတုန်း ကလို အနိုင်အရှုံး အတွက် အငြင်းပွား စရာ မရှိအောင် ရှောင်လွှဲ နိုင်ခဲ့ပါတယ်။

အဲဒီ ၂၀၀၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကတော့ ဂျော့(ချ)ဘုရှ်နဲ့ အဲလ်ဂိုး တို့ယှဉ်ပြိုင် ခဲ့ကြတာ ဖြစ်ပြီး အဲဒီ ဖလော်ရီဒါ အနိုင် အရှုံး ကနေ သမ္မတ ရွေးကောက်ပွဲ အနိုင်အရှုံးကို အဆုံး အဖြတ် ပေးသွား ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။