BBC navigation

ပေါ်တူဂီမှာ စစ်ဝန်ထမ်းတွေ ဆန္ဒပြကြ

နောက်ဆုံး ရေးသားချိန် 11 နိုဝင်ဘာလ 2012 - 00:46 GMT
portugal-demo

ချီတက်ဆန္ဒပြနေတဲ့ ပေါ်တူဂီ စစ်မှုထမ်းများ

ပေါ်တူဂီ နိုင်ငံက လစ္စဘွန်း မြို့တော် မှာတော့ လာမယ့် နှစ် ဘတ်ဂျက် မှာ အသုံးစရိတ် ဖြတ်တောက် မှုတွေနဲ့ ပတ်သက်လို့ ပေါ်တူဂီ စစ်ဘက်က အမှုထမ်း ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

ခြိုးခြံချွေတာရေး အစီအမံ တွေအရ ကာကွယ်ရေး အသုံးစရိတ် တွေလည်း လျှော့ချမှာ ဖြစ်လို့ အဲဒီ စစ်ဘက် အရာထမ်း အမှုထမ်းတွေ အတွက် လခနဲ့ ခံစားခွင့်တွေ ကိုပါ ထိခိုက် နစ်နာစေမှာ ဖြစ်ပါတယ်။

တခါ ရာထူးတိုးမြှင့် ခန့်ထားမှုတွေ မလုပ်ဘဲ ရပ်ဆိုင်းထားတာ နဲ့ပတ်သက်လို့လည်း စစ်ဘက်က မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီ နိုင်ငံမှာ လက်နက်ကိုင် တပ်ဖွဲ့တွေက အမှုထမ်းတွေ ဆန္ဒပြခွင့် နဲ့ ပတ်သက်လို့ ကန့်သတ်ချက် တွေရှိပါတယ်။ ဒါကြောင့်လည်း အခုချီတက် ဆန္ဒပြပွဲဟာ စည်းကမ်း တကျနဲ့ တိတ်တိတ်ဆိတ်ဆိတ် ရှိခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။