BBC navigation

ဂါဇာစစ်ဆင်ရေး အစ္စရေး လွှတ်တော်မှာ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 00:49 GMT

ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့ ဂါဇာ အခြေအနေ

ဂါဇာကမ်းမြှောင် ဒေသမှာ ပစ်ခတ်မှုတွေ ဖြစ်နေတာ ခြောက်ရက်မြောက်တဲ့ နေ့မှာ အစ္စရေး လွှတ်တော်မှာ ရှေ့ဆက်မယ့် စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေး နေပါတယ်။

အီဂျစ်က တင်ပြလာတဲ့ အပစ်ရပ်ရေး အစီအစဉ်ကို အစ္စရေး ဝန်ကြီးတွေ ဆွေးနွေးလိမ့်မယ်လို့ သိရပြီး အပစ်ရပ်ရေး စကားပြော နေချိန်မှာ မြေပြင် စစ်ဆင်ရေး မှန်သမျှကို ရပ်ထားမယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။

အမေရိကန် သမ္မတ ဘားရတ်ခ် အိုဘားမားက အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမန် နက်တန်ရာဟူး အပြင် အီဂျစ် သမ္မတ မူဆီနဲ့လည်း စကားပြောခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးက အပစ်ရပ်ရေး အတွက် လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ခဲ့ပြီး ဟားမတ်စ် ဖက်က အစ္စရေးရဲ့ ဂါဇာ ဒေသ ပိတ်ဆို့ထားမှုကို ဖွင့်ပေးဖို့ တောင်းဆို သလို အစ္စရေး ဖက်ကလည်း ဂါဇာကနေ သူတို့ဆီကို ဒုံးကျည်တွေနဲ့ ပစ်နေတာ ရပ်ရမယ်လို့ အခိုင်အမာ တောင်းဆိုခဲ့ပါတယ်။

ဂါဇာမှာ မီဒီယာ အဖွဲ့အစည်းတွေ သုံးတဲ့ အဆောက်အဦ တခုကို အစ္စရေးက ဒုတိယ အကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း စစ်သွေးကြွ အစ္စလာမ်မစ် ဂျီဟတ် အဖွဲ့ ခေါင်းဆောင် တယောက် သေဆုံးသွားခဲ့ပါတယ်။

အဆောက်အဦရဲ့ ဒုတိယထပ်ကို ထိမှန်ခဲ့ပြီး အဲဒီမှာ ဂျီဟတ် အဖွဲ့ဝင် လူကြီး လေးယောက် ပုန်းအောင်းနေတာလို့ အစ္စရေးက ပြောပါတယ်။

ဂါဇာကို အစ္စရေးတို့ စပြီးဗုံးကြဲခဲ့တဲ့ လွန်ခဲ့တဲ့ ခြောက်ရက် ကတည်းက သေဆုံးသူ ပါလက်စတိုင်း အယောက်တရာလောက် ရှိသွားပြီလို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ်။

စစ်သွေးကြွ အဖွဲ့တွေကလည်း အစ္စရေး ဖက်ကို တရက်ကို ဒုံးကျည် တရာကျော်လောက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။