BBC navigation

အီးယူ ဘဏ္ဍာရေး ဆွေးနွေးပွဲ ပြန်စ

နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2012 - 17:27 GMT

ပြင်သစ်နဲ့ ဂျာမနီ တို့ကတော့ သဘောတူညီချက် ရနိုင်ဖို့ကို သံသယရှိနေကြပါတယ်။

အကြပ်အတည်း ဖြစ်နေတဲ့ ဥရောပ ဘဏ္ဍာရေး ညှိနှိုင်းမှုတွေ အတွက် ဘရက်ဆဲလ်မှာ အီးယူ ခေါင်းဆောင်တွေ ပြန်လည်ဆွေးနွေး နေကြ ပါပြီ။

အီးယူ ဘဏ္ဍာရေး ဆွေးနွေပွဲနဲ့ ပတ်သက်ပြီး သဘော တူညီမှု ရနိုင်ပါမလား ဆိုပြီး ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင် တွေဘက်ကတော့ သံသယရှိ နေကြပါတယ်။

၂၀၁၄ ကနေ ၂၀၂၀ အထိ အကြုံး၀င်မယ့် အသုံးစားရိတ် ဘတ်ဂျက် တိုးမြှင့်ဖို့ အီးယူ နိုင်ငံအတော်များများက ထောက်ခံကြပေမယ့် အခုလို ခြိုးခြံ ချွေတာရေး လုပ်နေရတဲ့ ကာလမှာ ဒါဟာ လက်ခံ နိုင်စရာမရှိဘူးလို့ နိုင်ငံတချို့ကလည်း ကန့်ကွက် ပြောဆိုနေပါတယ်။

ဘဏ္ဍာရေး ဆုံးဖြတ်ချက်ကို နောက်နှစ်အထိ အချိန်မဆွဲ ထားကြဖို့ အီးယူ အရာရှိတွေက အီးယူနိုင်ငံ ခေါင်းဆောင်တွေကို တိုက်တွန်း ပြောဆိုနေပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။