BBC navigation

အီဂျစ် တရားသူကြီးတွေ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 01:24 GMT
egypt

အီဂျစ်မှာ သမ္မတကို ဆန္ဒပြနေကြ

အီဂျစ် သမ္မတ မိုဟာမက် မော်စီရဲ့ သမ္မတ အာဏာ တိုးချဲ့ ယူဖို့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ အနေနဲ့ အီဂျစ် တရားရုံးတွေကို ရပ်နား ထားပါတယ်။

ဒီလို သပိတ်မှောက်ဖို့ တရားသူကြီးများ သမဂ္ဂ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

တရားသူကြီး အာမက် ရှာနွန်က သူတို့ ရာထူး အတွက် ရည်ရွယ် တောင်းဆို နေတာ မဟုတ်ပါဘူး၊ အီဂျစ် ပြည် ကောင်းစားရေး အတွက် ကြိုးပမ်း နေကြတာပါ၊ ဒီအမိန့်ကို ပြောင်းလဲ ပစ်နိုင်မှ ရှေ့ဆက် သွားလို့ ရမှာလို့ ပြောကြား ခဲ့ပါတယ်။

မစ္စတာ မော်စီရဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းပြီး ဖယ်ရှား ခံရတဲ့ ရှေ့နေချုပ်ဟောင်း အဘ်ဒဲလ် မာဂွတ် မာမွတ် ကို ပြန်ခန့်ဖို့ တရားသူကြီး တွေက တောင်းဆို နေကြ ပါတယ်။

သမ္မတ ဂိုဏ်းသား များက တရားသူကြီးများ အစည်းအဝေးကို ပျက်ပြားအောင် ကြိုးစား ခဲ့ကြ ပါသေးတယ်။

သမ္မတဟောင်း မူဘာရက် ခေတ်က ခန့်ခဲ့တဲ့ ဒီ တရားသူကြီး တွေကို တခြား ဆန္ဒပြ နေ သူတွေက ထောက်ခံ ကြပါတယ်။

သမ္မတ အမိန့်ကို ပြန်လည် ရုပ်သိမ်း တဲ့ အထိ ငြိမ်းချမ်းစွာ ဆန္ဒပြ ကြဖို့ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် မာမွတ် အယ်လ် ဘရားဒေးက နှိုးဆော် ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။