BBC navigation

ဆီးရီးယား လတ်တလော အခြေအနေ

နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2012 - 17:45 GMT
syria

လေတပ် ဂျက်လေယာဉ်က ဗုံး အတွဲလိုက် ပစ်ချ

သူပုန် ရွာပေါ် ဆီးရီးယား လေတပ် ဂျက်လေယာဉ် ပေါ်က ဗုံး အတွဲလိုက် ပစ်ချလို့ ကလေး ဆယ် ယောက် သေဆုံးတယ်လို့ အတိုက်အခံ ဘက်က ပြောကြား ပါတယ်။

ဒမတ်စကပ် မြို့တော်နားက Deir al-Asafir ရွာမှာ ကစားနေတဲ့ ကလေးတွေကို တနင်္ဂနွေ နေ့က ဗုံးထိမှန် ခဲ့တာလို့ အတိုက်အခံ တွေက ပြောပါတယ်။

ကလေးတွေရဲ့ ရုပ်အလောင်းတွေ မြေပေါ်မှာ ပြန့်ကျဲ နေတဲ့ ဗီဒီယို သတင်းကားတွေ အတိုက်အခံတွေ ဆီက ထွက်လာပါတယ်။

ဒီလို ဗုံးတွဲတွေကို မသုံးဘူးလို့ အစိုးရဘက်က တောက်လျှောက် ပယ်ချ နေခဲ့တာ ပါ။

သူပုန်တွေက ဆီးရီးယား မြောက်ပိုင်းက Tishrin ရေအားလျှပ်စစ် ဆည်ကို သိမ်းပိုက် ခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယား နယ်စပ် တလျှောက် ဝေဟင် ပစ် ဒုံးလက်နက်တွေ တပ်ဆင်မယ့် နေရာ တွေကို လေ့လာဖို့ နေတိုး စစ်ဘက် ပညာရှင် တွေ တူရကီကို ကနေ့ နှောင်းပိုင်းမှာ ရောက်လာပါတယ်။

ကာကွယ်ရေး အကူအညီ တွေပေးဖို့ နေတိုး စစ်စာချုပ် အဖွဲ့ဝင် တူရကီက အဖွဲ့ဝင် နိုင်ငံ တွေကို ပန်ကြား ထားတာ ဖြစ်ပါတယ်။

နေတိုး ဘက်ကတော့ တရားဝင် ဆုံးဖြတ်ချက် ဘာမှ မချရ သေးဘူးလို့ ဆိုပါတယ်။

လက်နက် တပ်ဆင်မှု အားလုံးကို တူရကီ ပိုင်နက်ကို ကာကွယ်ဖို့ အတွက်သာ သုံးမှာ ဖြစ်ပြီး ဆီးရီးယား နယ်မြေထဲမှာ လေယာဉ် မပျံသန်းရ ဇုန် တည်ဆောက်ဖို့ မဟုတ်ဘူးလို့ တူရကီ စစ်ဘက်က ပြောကြား ပါတယ်။

ဒီ ပန်ကြားချက် အပေါ် အီရန်နဲ့ ရုရှ တို့ဘက်က လဲ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ ကြပါတယ်။

ပြင်သစ်က ဆီးရီးယား အတိုက်အခံ အုပ်စုသစ် ကို တရားဝင် အသိအမှတ်ပြုတာကို လက်မခံ နိုင်ဘူးလို့ ရုရှ ဝန်ကြီးချုပ် ဒီမီထရီ မက်ဒ်ဗီဒဗ်က မော်စကိုမှာ ရှုတ်ချ ခဲ့ပါတယ်။

တူရကီ နယ်စပ်က ဆီးရီးယား ဒုက္ခသည် စခန်း တွေမှာ ဆောင်းရာသီ ဒဏ်ကြောင့် ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ အခြေအနေ ဆိုးရွား နေတယ် လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။